The network connection is lost.

Banner Image

ချီယေဆာအတွက် ကမ်းလှမ်းမှုတွေကို ပယ်ချဖို့ အသင့်ရှိနေတဲ့ လီဗာပူး

လီဗာပူးတောင်ပံကစားသမားချီယေဆာကို အခုနွေရာသီ၊ အန်ဖီးလ်မှာ နည်းပြသစ်အီရာအိုလာနဲ့အတူ ဆက်မြင်တွေ့ရဖို့ အလားအလာများနေပါတယ်။

အီတလီလက်ရွေးစင်ကစားသမားက လီဗာပူးရဲ့ အမေရိကန်ရာသီကြိုခရီးစဉ်မှာ ပုံမှန်ပါဝင်ကစားခဲ့ပြီး အီရာအိုလာလက်အောက် "အသစ်မှ ပြန်စချင်တယ်" လို့လည်း ပြောခဲ့ဖူးပါတယ်။

အသက် ၂၈ နှစ်အရွယ်ချီယေဆာက နည်းပြဟောင်းအန်းစလော့လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့ အတော်လေးရုန်းကန်ခဲ့ရပါတယ်။ သူက ယမန်နှစ်ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပွဲစဉ် ၂၆ ပွဲကစားရာမှာ တစ်ကြိမ်သာ ပွဲထွက်ခွင့်ရရှိခဲ့ပြီး ပွဲချိန် ၃၁၈ မိနစ်အတွင်း နှစ်ဂိုးသွင်းယူကာ ဂိုးဖန်တီးမှုတစ်ကြိမ်သာ စွမ်းဆောင်နိုင်ခဲ့ပါတယ်။

အခုနည်းပြအပြောင်းအလဲကြောင့် အတိတ်ကာလ၊ စီးရီးအေနဲ့ အီတလီလက်ရွေးစင်အသင်းမှာ မြင်တွေ့ခဲ့ရတဲ့ ချီယေဆာကို ပြန်လည်ရရှိလာဖို့ ကူညီပေးလိမ့်မယ်လို့လည်း လီဗာပူးပရိသတ်တွေ မျှော်လင့်နေကြပါတယ်။

Liverpool Echo ရဲ့ဖော်ပြချက်အရ ချီယေဆာကို ခေါ်ယူဖို့ အက်သလက်တီကိုမက်ဒရစ်အပြင် အီတာလျံကလပ်အသင်းအချို့လည်း စိတ်ဝင်စားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ချီယေဆာနဲ့ အီရာအိုလာတို့က ၂၀၂၆-၂၀၂၇ ဘောလုံးရာသီမှာ အတူတူအကောင်းဆုံးကြိုးစားသွားကြဖို့ သဘောတူထားပြီး အီတာလျံသားအတွက် ကမ်းလှမ်းမှုတွေကို ငြင်းဆန်ခဲ့ကြပါတယ်။ 

လီဗာပူးအသင်းက ပရီးမီးယားလိဂ်ရာသီသစ်မစတင်ခင် အန်ဖီးလ်ကွင်းမှာ ခြေစမ်းပွဲသုံးခု ကစားဖို့အတွက် ဗြိတိန်နိုင်ငံဆီ ပြန်ရောက်ရှိနေပါပြီ။ သူတို့က ဒေါ့မွန်နဲ့တစ်ပွဲ၊ ကိုမိုနဲ့နှစ်ပွဲ ယှဉ်ပြိုင်ကစားသွားပါမယ်။