အင်ဖန်တီနိုရဲ့အကြီးတန်းအကြံပေးကော်ဒီရို ရာထူးမှနှုတ်ထွက်
ဖီဖာဥက္ကဋ္ဌအင်ဖန်တီနိုရဲ့အကြီးတန်းအကြံပေးပုဂ္ဂိုလ်ကော်ဒီရိုက ကမ္ဘာ့ဖလားစီမံကိန်းနဲ့ ပတ်သက်တဲ့သတင်းတွေ ပေါက်ကြားလာပြီးနောက် ရာထူးမှ နှုတ်ထွက်သွားပါတယ်။
ယူအီးအက်ဖ်အေ (UEFA)၊ အာရှဘောလုံးအဖွဲ့ချုပ် (AFC) နဲ့ CONCACAF တို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတွေ ခွင့်ပြုမယ့် ဖီဖာရဲ့စီမံကိန်းကို ကန့်ကွက်နေကြပြီး အနာဂတ် ပြိုင်ပွဲတွေကို သပိတ်မှောက်ဖို့အထိ ပြင်ဆင်နေကြပါတယ်။
ဘဏ်လုပ်ငန်းရှင်ဟောင်းတစ်ဦးဖြစ်သလို အမေရိကန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ဒုဥက္ကဋ္ဌဟောင်းလည်းဖြစ်တဲ့ကော်ဒီရိုဟာ ဖီဖာအပေါ် တစ်ကမ္ဘာလုံးရဲ့ဝေဖန်မှု ပြင်းထန်နေချိန် အခုလို ရာထူးမှ နုတ်ထွက်သွားခြင်း ဖြစ်ပါတယ်။
"ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောပါရစေ။ ဒီအဆိုပြုချက်မှာ ကျွန်တော်ပါဝင်ပတ်သက်ခြင်း မရှိသလို ဒါကို လုံးဝကန့်ကွက်ပါတယ်။ ဒါက ဖီဖာအဖွဲ့ဝင်နိုင်ငံတွေအတွက်ရော၊ ဘောလုံးလောကအတွက်ပါ ဆိုးရွားတဲ့အပေးအယူတစ်ခု ဖြစ်သလို ဘောလုံးရဲ့ ရေရှည်အနာဂတ်အတွက်လည်း မကောင်းပါဘူး" လို့ ကော်ဒီရိုရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အင်ဖန်တီနိုရဲ့စီမံကိန်းအောင်မြင်ဖို့အတွက် အဖွဲ့ဝင် ၂၁၁ နိုင်ငံအနက် ထောက်ခံမဲ ၁၀၆ မဲ (ထက်ဝက်ကျော်)ရဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဖီဖာဘက်ကတော့ ဝေဖန်မှုတွေ ရှိနေပေမဲ့ ဒီစီမံကိန်းကို ဆက်လုပ်သွားဖို့ ဘောလုံးလောကကို ရောင်းစားနေတာမဟုတ်ဘူးလို့ သောကြာနေ့အစောပိုင်းမှာ တုံ့ပြန်လာပေမဲ့ ဆိုရှယ်မီဒီယာပေါ်မှာတော့ ဝေဖန်သံတွေ ပိုမိုထွက်ပေါ်လာခဲ့ပါတယ်။ဖြစ်ကြောင်းနဲ့ "ဘယ်သူကမှ ဘောလုံးကို ရောင်းစားနေတာ မဟုတ်ဘူး" လို့ သောကြာနေ့အစောပိုင်းမှာ တုံ့ပြန်ခဲ့ပေမဲ့ ဆိုရှယ်မီဒီယာပေါ်မှာတော့ ပိုပြီး ဝေဖန်ခံခဲ့ရပါတယ်။
သတင်းတွေအရ ဖီဖာက သူတို့ရဲ့လုပ်ငန်းစုရှိ ရှယ်ယာ ၂၀ ရာခိုင်နှုန်းကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူတွေဆီ ရောင်းချဖို့ ရည်ရွယ်ထားပါတယ်။ ဒီလုပ်ငန်းစုရဲ့တန်ဖိုးက အမေရိကန်ဒေါ်လာ ၂၀ ဘီလျံဝန်းကျင်အထိ ရှိနိုင်တယ်လို့ သိရပါတယ်။
လူအများရဲ့လှောင်ပြောင်ဝေဖန်ခြင်းကို ခံနေရတဲ့ အင်ဖန်တီနိုဟာ ဖီဖာဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တာ ၁၀ နှစ်ကျော် ရှိနေပါပြီ။ လာမယ့် မတ်လမှာပြုလုပ်မယ့် ဥက္ကဋ္ဌ ရွေးကောက်ပွဲမှာလည်း သူနဲ့ ယှဉ်ပြိုင်မယ့်သူ မရှိလို့ သူပဲ ပြန်ပြီး အရွေးခံရဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေပါတယ်။