The network connection is lost.

Banner Image

ကားလို့စ်အက်စ်ပီကို အလျှင်အမြန်ခေါ်ယူလိုက်ပြီလို့ ရီးရဲလ်မက်ဒရစ် အတည်ပြု

ရီးရဲလ်မက်ဒရစ်အသင်းက လီဗန်တေးအသင်းရဲ့ စပိန်လူငယ်တိုက်စစ်မှူး ကားလို့စ်အက်စ်ပီကို ခေါ်ယူလိုက်ပြီလို့ အတည်ပြုပါတယ်။

Marca သတင်းစာရဲ့ ကြာသပတေးနေ့(ဇူလိုင် ၃၀ ရက်)ဖော်ပြချက်အရ အသက် ၂၁ နှစ်အရွယ်ကစားသမားကို စာချုပ်ဖျက်သိမ်းကြေး ယူရို ၂၅ သန်း ပေးချေပြီး ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်အသင်း စိတ်ဝင်စားနေတယ်လို့ သိခဲ့ရပါတယ်။

အဲဒီသတင်းထွက်ပြီး နာရီပိုင်းအကြာမှာပဲ နည်းပြမော်ရင်ဟိုရဲ့အသင်းက အက်စ်ပီကို ခေါ်ယူလိုက်ပြီလို့ အတည်ပြုခဲ့ပါတယ်။ အက်စ်ပီက အသင်းနဲ့အတူ ၂၀၃၁ ခုနှစ်အထိ ရှိနေမယ့် ငါးနှစ်သက်တမ်းရှိစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

အက်စ်ပီက ၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှာ လီဗန်တေးအသင်းအတွက် လာလီဂါ ၂၅ ပွဲ ပါဝင်ကစားရာမှာ ၁၁ ဂိုးသွင်းယူပေးရင်း ခြေစွမ်းပြခဲ့ပြီး ဒီပွဲစဉ်တွေအနက် ၁၃ ကြိမ်တိတိ ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။

အခုလို လူငယ်တိုက်စစ်မှူးသစ်ကို ခေါ်ယူလိုက်မှုကြောင့် နည်းပြဟောင်းအာဘီလိုအာ ကိုင်တွယ်နေတဲ့ ဖူလ်ဟမ်အသင်းဆီ ပြောင်းရွှေ့ဖို့ဆိုတဲ့ ဂွန်ဇာလိုဂါစီယာရဲ့အိပ်မက်တွေ အကောင်အထည်ပေါ်လာဖို့ နီးစပ်လာပါတယ်။