The network connection is lost.

Banner Image

လီဗာပူးမှာ ဆက်ရှိနေပြီး ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်သွားမယ်လို့ ချီယေဆာ ကတိပြု

လီဗာပူးတောင်ပံကစားသမားချီယေဆာက နည်းပြသစ်အန်ဒိုနီအီရာအိုလာရဲ့ လက်အောက်မှာ အသင်းနဲ့အတူ ဆက်ရှိနေပြီး ပွဲထွက်ခွင့်ရရှိဖို့အတွက် ပြန်လည်တိုက်ပွဲဝင်သွားချင်တယ်လို့ အတည်ပြုလိုက်ပါတယ်။

အသက် ၂၈ နှစ်အရွယ်ကစားသမားရဲ့ လီဗာပူးကစားသမားဘ၀က ကောင်းမွန်တဲ့ အခိုက်အတန့်တွေ ရှိခဲ့ပေမဲ့ ဒဏ်ရာပြဿနာတွေနဲ့ ပွဲထွက်ခွင့်နည်းပါးမှုကြောင့် ရုန်းကန်ခဲ့ရပါတယ်။ သူက ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ပရီးမီးယားလိဂ် ၂၆ ပွဲမှာ တစ်ကြိမ်သာ ပွဲထွက်ခွင့်ရရှိခဲ့ပြီး ပွဲကစားချိန် ၃၁၈ မိနစ်အတွင်း နှစ်ဂိုးသွင်း၊ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံဆုရယူပေးခဲ့တဲ့ နည်းပြအန်းစလော့နေရာမှာ အီရာအိုလာ အစားထိုးဝင်ရောက်လာမှုကြောင့် ချီယေဆာအတွက် ပုံမှန်ပွဲထွက်ခွင့် ပြန်ရရှိဖို့ အခွင့်အရေးတစ်ရပ်လည်း ရှိနေပြန်ပါတယ်။

The Athletic ရဲ့ဖော်ပြချက်အရ ချီယေဆာက အသင်းမှာပဲ ဆက်ရှိနေချင်တယ်လို့ သိရပါတယ်။ အီတလီလက်ရွေးစင်ကစားသမားက "လက်ရှိအချိန်မှာတော့ ကျွန်တော် လီဗာပူးမှာ ရှိနေရတာ ပျော်ပါတယ်။ ကလပ်ကို ချစ်တယ်၊ ပရိသတ်တွေကို ချစ်တယ်၊ အရာအားလုံးကို သဘောကျပါတယ်။ ဒီမှာ အခွင့်အရေးရဖို့ အစွမ်းကုန် ကြိုးစားနေပြီး ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်သွားရပါမယ်။ အခုလောလောဆယ်တော့ လီဗာပူးအကြောင်းမှလွဲရင် ဘာမှ မစဉ်းစားထားပါဘူး"

"နှစ်တစ်နှစ်ရဲ့အစမှာ အမြဲတမ်း အသစ် ပြန်စရတာပါပဲ။ စတင်မှုအသစ်တွေ အရမ်းများနေပြီဆိုပေမဲ့ ကျွန်တော် ဂရုမစိုက်ပါဘူး။ နည်းပြသစ်အတွက် အကောင်းဆုံး လုပ်ပြချင်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာလည်း ကျွန်တော်က အသင်းမှာ အရေးပါတဲ့အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ဖို့ အသင့်ဖြစ်နေခဲ့ပေမဲ့ နည်းပြရဲ့တာဝန်ပေးအပ်မှု ရှိ၊မရှိ အပေါ်မှာပဲ မူတည်ခဲ့ပါတယ်။ နည်းပြမှာ သူ့ရဲ့စီမံချက်တွေနဲ့ ဆုံးဖြတ်ပိုင်ခွင့်လည်း ရှိနေလို့ ဒါနဲ့ပတ်သက်ပြီး ကျွန်တော် ဘာမှ မပြောချင်ပါဘူး။ ဒီနှစ်ကတော့ အခန်းကဏ္ဍသစ်တစ်ခုလို့ပဲ ပြောရပါလိမ့်မယ်။ နည်းပြသစ်ရှိလာလို့ ကျွန်တော် ဒါကိုပဲ အာရုံစိုက်သွားပါမယ်"လို့ ပြောပါတယ်။