အာဂျင်တီးနားကို အနိုင်ယူကာ ကမ္ဘာ့ချန်ပီယံအဖြစ် ထိုက်ထိုက်တန်တန်အောင်ပွဲခံလိုက်တဲ့ စပိန်
စပိန် ဝ-၀ အာဂျင်တီးနား (သာမန်ပွဲချိန်ရလဒ်) (၁-၀ အချိန်ပို)
၂၀၂၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ရေပန်းစားနေတဲ့အတိုင်းပဲ စပိန်က အာဂျင်တီးနားကို အနိုင်ယူပြီး ကမ္ဘာ့ချန်ပီယံအဖြစ် အောင်ပွဲခံခဲ့ပါတယ်။ အခုဗိုလ်လုပွဲရဲ့ပွဲချိန်တလျှောက်လုံးမှာလည်း စပိန်က ပြိုင်ဘက်ကို အဖက်ဖက်မှအသာစီးရယူကာ ဦးဆောင်ကစားသွားခဲ့ပြီး အဖိုးတန်အနိုင်ရလဒ်တစ်ခုကို ဖန်တီးသွားခဲ့ပါတယ်။ အခုပွဲစဉ်အတွက် အဆုံးအဖြတ်အနိုင်ဂိုးကိုတော့ အချိန်ပိုဒုတိယပိုင်းစတင်လာချိန်မှာပဲ လူစားဝင်တိုက်စစ်မှူးဖာရန်တောရက်စ်က သွင်းယူခဲ့ပါတယ်။