The network connection is lost.

Banner Image

ဗိုလ်လုပွဲမှာ အနှောင့်အယှက်ပေးနိုင်တဲ့ အာဂျင်တီးနားကို လျှော့မတွက်ဖို့ စပိန်ကို ဒယ်ဘော့စကေး သတိပေး

စပိန်နည်းပြဟောင်းဒယ်ဘော့စကေးက ကမ္ဘာ့ဖလားဗိုလ်လုပွဲမတိုင်ခင် ပြိုင်ဘက်အာဂျင်တီးနားကို လျှော့မတွက်ကြဖို့ သူ့နိုင်ငံကိုယ်စားပြုအသင်းကို သတိပေးလိုက်ပါတယ်။ သူက ပြိုင်ဘက်အာဂျင်တီးနားကို "တကယ့်ကို ရင်ဆိုင်ရခက်တဲ့" အသင်းလို့ တင်စားခဲ့ပြီး စပိန်အသင်းကိုယ်တိုင် သတိထားဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒယ်ဘော့စကေးက ၂၀၁၀ ပြည့်နှစ် ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ နယ်သာလန်ကို အနိုင်ယူပြီး စပိန်အသင်း ချန်ပီယံဖြစ်လာအောင် ဦးဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။

"အာဂျင်တီးနားဆိုတာ ရင်ဆိုင်ဖို့ တော်တော်ခက်ခဲတဲ့ အသင်းပါ။ ကျွန်တော့်စကားနဲ့ ပြောရရင်တော့ အတော်လေးကို အနှောင့်အယှက်ပေးတဲ့ အသင်းပေါ့။ သူတို့ ဘာလုပ်ရမလဲဆိုတာကိုလည်း ကောင်းကောင်းကြီးသိထားကြပါတယ်" လို့ စနေနေ့ထုတ် El Pais သတင်းစာနဲ့ အင်တာဗျူးမှာ ဒယ်ဘော့စကေးက ပြောကြားခဲ့ပါတယ်။

ဒယ်ဘော့စကေးက အင်္ဂလန်အပေါ် Comeback ဖြင့် အနိုင်ယူခဲ့တဲ့ အာဂျင်တီးနားရဲ့ စွမ်းဆောင်ရည်ကိုလည်း ထောက်ပြခဲ့ပါတယ်။

"ဗိုလ်လုပွဲမှာ စပိန်က အခြေအနေပိုကောင်းနေတယ်လို့ မြင်ပေမဲ့ အာဂျင်တီးနားရဲ့ အတွေ့အကြုံနဲ့ သူတို့ရဲ့ခက်ခဲတဲ့ကစားပုံကြောင့် စပိန်အသင်း သတိထားဖို့တော့ လိုပါလိမ့်မယ်" လို့ သူက ဆိုပါတယ်။

အသက် ၇၅ နှစ်အရွယ်နည်းပြကြီးက စပိန်အသင်းရဲ့ အခုကမ္ဘာ့ဖလားပြိုင်ပွဲတလျှောက် ပြသခဲ့တဲ့ခြေစွမ်းကိုလည်း ချီးကျူးခဲ့ပြီး ချန်ပီယံဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

"ကျွန်တော်တို့ ကြည့်ခဲ့တဲ့ပွဲစဉ်တွေမှာ စပိန်က သူတို့ ဖြစ်ချင်တဲ့အတိုင်း ပွဲကို ထိန်းချုပ်ကစားနိုင်ခဲ့ပါတယ်။ အခြေအနေအားလုံးကို စိုးမိုးနိုင်ခဲ့သလို ယုံကြည်မှုအပြည့်နဲ့ ကစားနိုင်တာကိုလည်း တွေ့ရပါတယ်" လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

စပိန်နဲ့ အာဂျင်တီးနားတို့ရဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို တနင်္ဂနွေနေ့၊ နယူးယောက်မှာ ယှဉ်ပြိုင်ကစားသွားပါမယ်။