The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်ရဲ့စိတ်ဝင်စားမှုရှိနေချိန် ဘိုင်ယန်မြူးနစ်နဲ့ အရေးပေါ်တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုလိုက်တဲ့ အိုလီစီ

ပြင်သစ်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းကြယ်ပွင့် အိုလီစီက ရီးရဲလ်မက်ဒရစ်ရဲ့စိတ်ဝင်စားမှုကို ရရှိလာပြီးနောက် သူ့ရဲ့အနာဂတ်အတွက် ဂျာမန်ကလပ်အသင်းအကြီးအကဲတွေနဲ့ဆွေးနွေးဖို့ တောင်းဆိုလိုက်ပါတယ်။

အသက် ၂၄ နှစ်အရွယ်ကစားသမားက ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း ဘိုင်ယန်မြူးနစ်ဆီ ရောက်ရှိလာပြီးနောက် ကမ္ဘာ့အကောင်းဆုံးစာရင်းဝင်ကစားသမားတွေအနက် တစ်ဦးအဖြစ် သက်သေပြနိုင်ခဲ့ပါတယ်။

သူက ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ကလပ်အသင်းအတွက် ၅၇ ပွဲကစား၊ ၂၅ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၂၈ ကြိမ် ပြုလုပ်ပေးခဲ့သလို လက်ရှိမှာလည်း ပြင်သစ်အသင်းရဲ့ကမ္ဘာ့ဖလားမျှော်မှန်းချက်အတွက် အဓိကကျတဲ့ ကစားသမားတစ်ဦး ဖြစ်နေပြန်ပါတယ်။

El Debate သတင်းဌာနရဲ့ဖော်ပြချက်အရ အိုလစ်ဆီက သူ့ရဲ့အနာဂတ်အကြောင်း ဆွေးနွေးဖို့အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ဘိုင်ယန်မြူးနစ်အသင်းအကြီးအကဲပိုင်းနဲ့ ချက်ချင်းတွေ့ဆုံနိုင်ဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။ ဒီကစားသမားကို‌ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်ရဲ့စိတ်ဝင်စားမှု လူသိရှင်ကြားဖြစ်နေပေမဲ့ ဘိုင်ယန်မြူးနစ်ဘက်ကတော့ သူ့ကို လက်လွှတ်ပေးဖို့ ဆန္ဒမရှိပါဘူး။

လက်ရှိပြင်သစ်လက်ရွေးစင်အသင်းမှာ အမ်ဘာပေ၊ ချူအာမေနီတို့လို ရီးရဲလ်မက်ဒရစ် ကစားသမားတွေနဲ့အတူရှိနေလို့ အိုလီစီက စပိန်ဘီလူးကြီးရဲ့စိတ်ဝင်စားမှုကို ကောင်းကောင်းသိထားပါတယ်။

ဘိုင်ယန်မြူးနစ်ကတော့ သူ့ကို အသင်းမှာ ရေရှည်ဆက်ထိန်းထားချင်ပြီး လက်ရှိတစ်နှစ်လုပ်ခစာ ယူရို ၈ သန်းကို ယူရို ၁၄ သန်းအထိ တိုးမြှင့်ပေးသွားဖို့ ပြင်ဆင်နေပါတယ်။