The network connection is lost.

Banner Image

မန်ချက်စတာယူနိုက်တက်နဲ့ အပြောင်းအရွှေ့ပျက်ပြယ်သွားတဲ့ အီဒါဆန်ဆီ စာချုပ်သစ်ကမ်းလှမ်းဖို့ အတ္တလန္တာပြင်ဆင်နေ

မန်ချက်စတာယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ကိစ္စ ပျက်ပြယ်သွားပြီးနောက် အတ္တလန်တာအသင်းက ကွင်းလယ်လူအီဒါဆန်ကို စာချုပ်သစ်ကမ်းလှမ်းတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အတ္တလန္တာနဲ့ ယူနိုက်တက်အကြား ပေါင် ၃၅ သန်းတန် သဘောတူညီမှုရရှိခဲ့ပြီးနောက် အသက်-၂၇ နှစ်အရွယ်ကစားသမားက အိုးထရက်ဖို့ဒ်ဆီ ပြောင်းရွှေ့ဖို့ သေချာသလောက် ဖြစ်နေခဲ့ပါတယ်။ 

ဒါပေမဲ့ အခုတော့ ဒီအပြောင်းအရွှေ့ ပျက်သွားခဲ့ပါပြီ။ ဘာကြောင့်ပျက်သွားရလဲဆိုတဲ့ အကြောင်းရင်းကိုတော့ တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပေမဲ့ ဆေးစစ်ချိန်မှာ ကစားသမားနဲ့ပတ်သက်လို့ စိုးရိမ်စရာအချက်တချို့ ယူနိုက်တက်အသင်း တွေ့ရှိခဲ့တယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

အပြောင်းအရွှေ့ရေးရာကျွမ်းကျင်သူသတင်းသမား ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ အပြောင်းအရွှေ့ပျက်ပြယ်သွားပြီးနောက် အတ္တလန္တာအသင်းက ၂၀၂၇ ခုနှစ်၊ ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဘရာဇီးလက်ရွေးစင်ကစားသမားအတွက် စာချုပ်သစ်ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။

အတ္တလန်တာဘက်ကတော့ အီဒါဆန်ရဲ့ကျန်းမာရေး အပြည့်အဝကောင်းမွန်တယ်လို့ အခိုင်အမာပြောဆိုထားပြီး ကစားသမားကိုယ်တိုင်သာ လက်ရှိအသင်းမှာပဲ ဆက်နေမလား သို့မဟုတ် အသင်းသစ်ထပ်ရှာဖွေမလားဆိုတာ ဆုံးဖြတ်သွားရပါတော့မယ်။