The network connection is lost.

Banner Image

အာဂျင်တီးနားရဲ့ အံ့ဖွယ်ပြန်လာနိုင်မှုအပြီး အိမ်မပြန်ချင်ခဲ့ဘူးလို့ ဖွင့်ဟလာတဲ့ မက်ဆီ

အီဂျစ်အသင်းကို အသည်းအသန်ကစားပြီး ၃-၂ ဂိုးဖြင့် အနိုင်ရရှိကာ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ဆီ တက်လှမ်းနိုင်ခဲ့တဲ့ပွဲစဉ်အပြီး လီယွန်နယ်မက်ဆီက ခံစားချက်တွေ ပေါက်ကွဲထွက်လာမှုနဲ့အတူ မျက်ရည်တွေကျလာခဲ့တယ်လို့ ပြောပါတယ်။ ဒါက သူ့ရဲ့လက်ရွေးစင်ကစားသမားဘ၀နောက်ဆုံးပွဲစဉ် ဖြစ်သွားနိုင်တဲ့အခြေအနေမှာ အခုလို အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

အသက် ၃၉ နှစ်အရွယ်မက်ဆီက အတ္တလန်တာမှာကစားခဲ့တဲ့ပွဲစဉ်အပြီး ရှားရှားပါးပါးစိတ်လှုပ်ရှားစွာ ငိုကြွေးခဲ့ပါတယ်။ လက်ရှိချန်ပီယံအာဂျင်တီးနားအတွက် အခုပွဲစဉ်က မထင်မှတ်ဘဲ ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ခွာရလုနီးပါး ဖြစ်စေခဲ့ပါတယ်။

"ဒါက လူတိုင်းအတွက် ခံစားချက်တွေ ပေါက်ကွဲထွက်လာတာဖြစ်သလို စိတ်သက်သာရာရမှုလည်း ဖြစ်ပါတယ်။ ပြိုင်ဘက်က ၂-၀ ဂိုးဖြင့် ဦးဆောင်ထားချိန်မှာ တကယ့်ကို ဆိုးရွားလွန်းပါတယ်" လို့ မက်ဆီက သတင်းထောက်တွေကို ပြောပါတယ်။

အာဂျင်တီးနားအသင်းခေါင်းဆောင်မက်ဆီက ပထမပိုင်းပွဲချိန်အတွင်း ပင်နယ်တီကန်သွင်းခွင့် ရရှိခဲ့ပေမဲ့ သူ့ရဲ့ကန်ချက်ကို အီဂျစ်ဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပွဲချိန်နှောင်းပိုင်းမှာတော့ မက်ဆီကပဲ အသင်းကို ပြန်လည်ဦးဆောင်ပေးခဲ့ပါတယ်။

ပွဲချိန် ၇၉ မိနစ်မှာ မက်ဆီရဲ့ဖန်တီးပေးမှုကနေတစ်ဆင့် ရိုမဲရိုးက အဖိုးတန်အဖွင့်ချေပဂိုး သွင်းယူခဲ့ပြီး အဲဒီနောက်မှာတော့ ဘော်လွန်းဒီအော်ရှစ်ဆုရှင်ကိုယ်တိုင် ချေပဂိုး သွင်းယူခဲ့ပါတယ်။ နာကျင်အချိန်ပိုမှာတော့ အန်ဇိုဖာနန်ဒက်ဇ်က အဆုံးအဖြတ်အနိုင်ဂိုး သွင်းယူခဲ့လို့ အာဂျင်တီးနားက ကွာတားဖိုင်နယ်အဆင့်မှာ ဆွစ်ဇာလန်နဲ့ ရင်ဆိုင်ကစားသွားရပါတော့မယ်။

"အခုလို နှစ်ဂိုးပြတ်ရှုံးနိမ့်နေရာမှ ပွဲကို ပြန်တွန်းလှန်နိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ အထူးသဖြင့် ဒီနှစ်ကမ္ဘာ့ဖလားမှာ အသင်းတိုင်းက အလွယ်တကူအလျှော့မပေးကြလို့ ပိုခက်ခဲပါတယ်။ အခုကတော့ တကယ့်ကို ပျော်ရွှင်ရသလို စိတ်လည်း အေးသွားပါပြီ။ ကျွန်တော်တို့ ပြိုင်ပွဲမှာ ဆက်ရှိနေချင်ပါတယ်။ ဒီနေ့မှာ အားလုံးအဆုံးသတ်သွားတာမျိုး၊ အိမ်ပြန်ရတာမျိုး ကျွန်တော်တို့ မလိုလားပါဘူး" လို့ မက်ဆီက ဆိုပါတယ်။

မက်ဆီဟာ သူ့ရဲ့ ၂၁ ဂိုးမြောက်ကမ္ဘာ့ဖလားသွင်းဂိုး (ဒီနှစ်ပြိုင်ပွဲရဲ့ ၈ ဂိုးမြောက်)ကို သွင်းယူပြီးချိန် ရွှေဖိနပ်ဆုပြိုင်ပွဲအတွက် ထိပ်ဆုံးမှဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့အသင်းဖော်တွေကိုယ်တိုင်လည်း သူ့ကို ပွေ့မြှောက်အောင်ပွဲခံခဲ့ကြပါတယ်။

ဒါပေမဲ့လည်း ရိုမဲရိုးရဲ့အဖွင့်ချေပဂိုးကသာ ပွဲစဉ်အတွက် အလှည့်အပြောင်းဖြစ်ခဲ့တယ်လို့ သူက ထောက်ပြပါတယ်။ "ဒီနေ့မှာ ကျွန်တော်တို့ရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုကို ပြသနိုင်ခဲ့ပါတယ်။ ဂိုးပြတ်ရှုံးနေတဲ့ အခြေအနေမှ ပြန်လာဖို့ဆိုတာ မလွယ်ပါဘူး။ အဲဒီအချိန်က လူတိုင်းအတွက် တကယ့်ကို ထိုးနှက်ချက်ကြီးပါ။ ကံကောင်းထောက်မစွာနဲ့ ကျွန်တော်တို့ ဂိုးပြန်ရခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ 'ငါတို့ ဒါကို လုပ်နိုင်တယ်' ဆိုတဲ့ ယုံကြည်မှု လူတိုင်းဆီ ပြန်ရောက်လာပါတယ်။ ချေပဂိုးရပြီး ၉၀ မိနစ်အတွင်းမှာတင် နိုင်ပွဲရခဲ့တာ ကံကောင်းပါတယ်။ ဒီအသင်းသားတွေ စွမ်းဆောင်နိုင်ခဲ့မှုက မယုံကြည်နိုင်စရာပါပဲ" လို့ မက်ဆီက နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။