The network connection is lost.

Banner Image

စိတ်ပျက်ဖွယ်ဘောလုံးရာသီအပြီး ဂါနာချိုကို အရောင်းစာရင်းတင်လိုက်တဲ့ ချဲလ်ဆီး

မန်ချက်စတာယူနိုက်တက်မှ ခေါ်ယူခဲ့တဲ့ တောင်ပံတိုက်စစ်ကစားသမားဂါနာချိုကို တစ်နှစ်အကြာမှာပဲ ချဲလ်ဆီးအသင်းက အရောင်းစာရင်း (transfer list)မှာ ထည့်သွင်းလိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ချဲလ်ဆီးအသင်းက အသက် ၂၂ နှစ်အရွယ်ဂါနာချိုကို ခေါ်ယူဖို့ ပြီးခဲ့တဲ့နွေရာသီတစ်လျှောက်လုံး ကြိုးစားခဲ့ပြီး နောက်ဆုံးမှာတော့ ပြောင်းရွှေ့ကြေးပေါင်သန်း ၄၀ ဖြင့် မန်ချက်စတာယူနိုက်တက်ဆီမှ ခေါ်ယူနိုင်ခဲ့ပါတယ်။ 

ဒါပေမဲ့ ဂါနာချိုက အခြားချဲလ်ဆီးကစားသမားတွေလိုပဲ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှာ စိတ်ပျက်ဖွယ်ခြေစွမ်းမျိုးကို ပြသခဲ့ပြီး ပြိုင်ပွဲစုံ ၄၃ ပွဲကစား၊ ရှစ်ဂိုးသွင်းယူကာ ဂိုးဖန်တီးမှုလေးကြိမ်သာ စွမ်းဆောင်နိုင်ခဲ့ပါတယ်။

သတင်းထောက်ဘင်ဂျက်ကော့ဘ်ရဲ့အဆိုအရ ချဲလ်ဆီးအသင်းက ဒီလူငယ်ကစားသမားအတွက် အရှုံးမများခင်မှာပဲ ပြန်လည်ရောင်းချဖို့ ဆုံးဖြတ်ခဲ့ပြီး သူ့ကို အရောင်းစာရင်းမှာ ထည့်သွင်းလိုက်ပြီလို့ သိရပါတယ်။

အသင်းဘက်က သူ့ကိုအငှားချဖို့ စိတ်ကူးမရှိဘဲ အပြီးအပြတ်ရောင်းချသွားဖို့သာ ရည်ရွယ်ထားပါတယ်။ လက်ရှိမှာတော့ ဂါနာချိုကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အသင်းတွေလည်း အများကြီးရှိနေတယ်လို့ ဘင်ဂျက်ကော့ဘ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။