The network connection is lost.

Banner Image

လီဗာပူးရဲ့ကြိုးပမ်းမှုတွေ ရပ်တန့်နေချိန်မှာ ဒီအိုမန်ဒီကိုခေါ်ယူဖို့ အပြောင်းအရွှေ့ပြိုင်ပွဲဆီ ဝင်ရောက်လာတဲ့ ရီးရဲလ်မက်ဒရစ်

၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဒီအိုမန်ဒီရဲ့စွမ်းဆောင်ရည်တွေကို ရီးရဲလ်မက်ဒရစ်အသင်း စောင့်ကြည့်နေမှုနဲ့အတူ လိုက်ပ်ဇစ်ကြယ်ပွင့်ကိုခေါ်ယူနိုင်ရေးနွေရာသီပြိုင်ပွဲမှာ လီဗာပူးအသင်းအတွက် နောက်ထပ်ပြိုင်ဘက်တစ်ဦး ရှိလာပါပြီ။

လီဗာပူးနည်းပြသစ်အန်ဒိုနီအီရာအိုလာက စပိန်လက်ရွေးစင်ဗစ်တာမူနော့ဇ်ကို အိုဆာဆူနာအသင်းမှ ပေါင် ၃၄ ဒဿမ ၅ သန်းဖြင့် ခေါ်ယူပြီးနောက် ဘောလုံးရာသီသစ်မတိုင်ခင်  ဘောလုံးရာသီသစ်မတိုင်ခင် အသင်းကို ပြန်လည်တည်ဆောက်မယ့် သူ့ရဲ့အစီအစဉ်တွေကို ဆက်လက်အကောင်အထည်ဖေါ်နေပါတယ်။ 

အီရာအိုလာက  ကလပ်အသင်းဟောင်းဘုန်းမောက်မှ ကစားသမားတစ်ဦးကို အနည်းဆုံးခေါ်ယူလိုနေပြီး သူ့ရဲ့ပစ်မှတ်တွေထဲမှာ ခရူပီနဲ့ အဲလက်စ်စကော့တို့ ပါဝင်နေပါတယ်။ ဒါပေမဲ့ နွေရာသီအစောပိုင်းကောလာဟလတွေအရ လီဗာပူးပရိသတ်တွေရဲ့စိတ်အာရုံထဲမှာ ဒီအိုမန်ဒီရဲ့အမည်က ပိုမိုရေပန်းစားနေပါတယ်။

လီဗာပူးအသင်းဘက်က အန်ဖီးလ်မြေဆီ ဒီအိုမန်ဒီ ပြောင်းရွှေ့ချင်တယ်လို့ အကောင်းမြင်နေပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နွေရာသီ၊ စပိန်ကလပ် လီဂါနက်စ်အသင်းဆီမ ပေါင် ၁၇ ဒဿမ ၃ သန်းဖြင့် ရောက်ရှိလာတဲ့ အသက် ၁၉ နှစ်အရွယ်ကစားသမားအတွက် လိုက်ပ်ဇစ်အသင်းရဲ့ အကျိုးအမြတ်အများအပြား ရယူလိုမှုကြောင့် ကလပ်အသင်းနှစ်ခုအကြား ပြောင်းရွှေ့ကြေးသဘောတူညီမှုရရှိဖို့ ဝေးကွာနေဆဲ ဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါကလပ်လိုက်ပ်ဇစ်အသင်က လီဗာပူးရဲ့ ယူရိုသန်း ၁၀၀ တန် ဗွေဆော်ဦးကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး ပီအက်စ်ဂျီလည်း အပြိုင်အဆိုင်ကမ်းလှမ်းဖို့ စဉ်းစားလာလို့ လီဗာပူးအတွက် ရှောင်လွှဲချင်နေတဲ့ ပြောင်းရွှေ့ကြေးတိုက်ပွဲတစ်ခု ဖြစ်ပေါ်လာနိုင်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌဖလော်ရင်တီနိုပီရက်ဇ်ကတော့ အသင်းဆီ မော်ရင်ဟိုပြန်လည်ရောက်ရှိလာမှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဒီနွေရာသီမှာ ထိပ်တန်းကစားသမားတစ်ဦးကို အပြီးသတ်ခေါ်ယူလိုနေပြီး စပိန်မီဒီယာ El Debate ရဲ့ ဖော်ပြချက်အရ အိုင်ဗရီကို့စ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြနေတဲ့ ဒီအိုမန်ဒီကို ကမ်းလှမ်းဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

ဒီအိုမန်ဒီအပေါ် စိတ်ဝင်စားမှုတွေ ပိုမိုများပြားလာမှုကြောင့် ပေါင် ၁၂၅ သန်းထက်မနည်း အလိုရှိနေတဲ့ လိုက်ပ်ဇစ်အတွက် သတင်းကောင်းဖြစ်နိုင်ပေမဲ့ လီဗာပူးအသင်းကတော့ ၂၀၂၆ ခုနှစ်၊ အီဆက်ခ်ကို ခေါ်ယူချိန် ပေးချေခဲ့ရတဲ့ ပရီးမီးယားလိဂ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၂၅ သန်းအောက်သာ ပေးချေဖို့ လိုလားနေပါတယ်။

ဇွန်လ ၃၀ ရက်၊ အိုင်ဗရီကို့စ်နဲ့ နော်ဝေတို့ထိပ်တိုက်ရင်ဆိုင်မယ့် ကမ္ဘာ့ဖလား ၃၂ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ ဒီအိုမန်ဒီရဲ့ခြေစွမ်းကို ပရိသတ်တွေ ဆက်လက်မြင်တွေ့ခံစားရပါမယ်။