The network connection is lost.

Banner Image

ကမ္ဘာ့ဖလားပြိုင်ပွဲကာလခြေစွမ်းပြသမှုကြောင့် လီဗာပူးကြယ်ပွင့်ဂတ်ပိုအတွက် ကမ်းလှမ်းမှုပြုလုပ်ဖို့ အဆင်သင့်ဖြစ်နေတဲ့ တော့တင်ဟမ်

တော့တင်ဟမ်အသင်းက အခုကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းကောင်းတွေပြသနေတဲ့ လီဗာပူးအသင်းတိုက်စစ်မှူးကိုဒီဂတ်ပိုကို ခေါ်ယူဖို့အတွက် ကမ်းလှမ်းမှုပြုလုပ်ရန် ပြင်ဆင်နေတယ်လို့ သတင်းတွေအရ သိရပါတယ်။

ဟူစတန်မြေမှာ ဆွီဒင်အသင်းကို ၅-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ နယ်သာလန်အသင်းရဲ့ပွဲစဉ်အတွင်း နှစ်ဂိုးသွင်း၊ ဂိုးဖန်တီးမှုတစ်ကြိမ် စွမ်းဆောင်နိုင်ခဲ့တဲ့ ဂတ်ပိုက လီဗာပူးအသင်းနဲ့နှိုင်းယှဉ်ရင် နိုင်ငံ့လက်ရွေးစင်အသင်းမှာ ကစားပုံအရ ပိုပြီးလွတ်လပ်မှုရှိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ဒီဒတ်ခ်ျလူမျိုးကစားသမားက ပြီးခဲ့တဲ့ရာသီ၊ နည်းပြဟောင်းအန်းစလော့လက်အောက်မှာ လီဗာပူးအတွက် ၅၂ ပွဲကစား၊ ကိုးဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ကလပ်အသင်းနဲ့အတူ ရာသီကုန်ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့တောင် အတော်လေးရုန်းကန်ခဲ့ရပါတယ်။

အခုအခါမှာတော့ သတင်းထောက်နီကိုလိုရှီရာရဲ့အဆိုအရ တော့တင်ဟမ်နည်းပြဒီဇာဘီက ပြီးခဲ့တဲ့ရာသီ၊ လီဗာပူးအသင်းမှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ ဂတ်ပိုကို ခေါ်ယူဖို့အတွက် အသည်းအသန်စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

နီကိုလိုရှီရာက "ဂတ်ပိုကို ဒီဇာဘီကိုယ်တိုင် ခေါ်ယူချင်နေပါတယ်။ တော့တင်ဟမ်အသင်းက လီဗာပူးအသင်းဆီ အရေးကြီးတဲ့ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ဖို့ လုပ်ဆောင်နေပြီး အဆင်သင့်လည်း ဖြစ်နေပါပြီ။ ဒီဒတ်ခ်ျတောင်ပံကစားသမားကို ၂၀၃၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းထားသလို နည်းပြရဲ့စီမံကိန်းအတွက်လည်း အဓိကနေရာမှ ပါဝင်စေဖို့ ကမ်းလှမ်းထားပြီး ဆွေးနွေးမှုတွေ စတင်နေပါပြီ"လို့ ဆိုပါတယ်။

တော့တင်ဟမ်က အခုအပြောင်းအရွှေ့စျေးကွက်အတွင်း လီဗာပူးနောက်ခံလူဟောင်းရောဘတ်ဆန်၊ ဘုန်းမောက်ခံစစ်မှူးစီနီဆီနဲ့ ဘရိုက်တန်ခံစစ်ကစားသမားဗန်ဟတ်ကီတို့ကို ခေါ်ယူထားပြီး ပြင်ဆင်မှုတွေကို အရှိန်အဟုန်ကောင်းကောင်းဖြင့် ပြုလုပ်နေပါတယ်။

မြောက်လန်ဒန်ကလပ်အသင်းက လာမယ့်ဘောလုံးရာသီမှာ ဥရောပပြိုင်ပွဲဝင်ခွင့်ကို စိန်ခေါ်နိုင်ဖို့အတွက် အင်တိုက်အားတိုက်ပြင်ဆင်နေပြီး တိုနာလီ၊ ဆာဗင်ဟိုနဲ့ မာတီးယပ်စ်ဖာနန်ဒက်ဇ်တို့ကိုလည်း ချိတ်ဆက်နေပါတယ်။

ဂက်ပိုကို ဒီစီမံကိန်းရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် မြင်တွေ့ရမလားဆိုတာ မသေချာသေးပေမဲ့ ကမ္ဘာ့ဖလားမှာ ဆက်လက်ခြေစွမ်းပြနေတဲ့ ဒီတောင်ပံကစားသမားကို တော့တင်ဟမ်ဘက်က ဆက်လက်စောင့်ကြည့်သွားမယ်ဆိုတာ သေချာသလောက် ဖြစ်နေပါတယ်။