The network connection is lost.

Banner Image

ဘောလွန်းဒီအော်ဆုကို ဒမ်ဘီလီထံ ဆုံးရှုံးလိုက်ရတာက ကောင်းမွန်တဲ့ အချက်ဖြစ်တယ်လို့ဆိုလာတဲ့ ယာမယ်လ်

စပိန်နဲ့ ဘာစီလိုနာအသင်းရဲ့ ကြယ်ပွင့်ကစားသမား လာမိုင်းယာမယ်လ်က ၂၀၂၅ ဘာလွန်ဒေါဆုကို ပီအက်စ်ဂျီအသင်းရဲ့ အော့စ်မန်းဒမ်ဘီလီဆီ ရှုံးနိမ့်ခဲ့ရတာက သူ့အပေါ် ဘယ်လိုသက်ရောက်မှုရှိခဲ့လဲဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။

အခုအသက် ၁၈ နှစ်အရွယ် ရှိပြီဖြစ်တဲ့ လာမိုင်းယာမယ်လ်ဟာ ဘာစီလိုနာအသင်းမှာ စတင်ခြေစွမ်းပြလာခဲ့တာ ၃ ရာသီရှိပြီဖြစ်ပြီး အခုဆိုရင် ဘောလုံးလောကရဲ့ ထိပ်တန်းကြယ်ပွင့်တစ်ဦးအဖြစ် နေရာခိုင်ခိုင်မာမာ ရရှိနေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က သူဟာ ဘောလုံးလောကရဲ့ ဂုဏ်အသရေအရှိဆုံး တစ်ဦးချင်းဆုကို ရဖို့ တော်တော်လေး နီးစပ်ခဲ့ပေမဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး ဒမ်ဘီလီက သူ့ကို ကျော်ဖြတ်ပြီး ဆုကို ဆွတ်ခူးသွားခဲ့တာပါ။

လာမိုင်းယာမယ်လ်က သူ့ရဲ့ YouTube channel ကနေတစ်ဆင့် အဲဒီဆုကို မရခဲ့တဲ့အပေါ် စိတ်ပျက်မိကြောင်း ဝန်ခံခဲ့ပေမဲ့ ကောင်းမွန်တဲ့ ဘက်ကနေပဲ ပြန်ပြီး တွေးတောနေပါတယ်။ "အမှန်အတိုင်းပြောရရင် အဲဒီနေ့က ကျွန်တော်ပဲ ရလိမ့်မယ်လို့ ထင်ခဲ့တာပါ" လို့ သူက ဆိုပါတယ်။

"ကျွန်တော့်ကိုယ်ကျွန်တော် ပိုပြီး တိုးတက်လာစေဖို့အတွက် ဒမ်ဘီလီက အဲဒီဆုကို ရသွားတာက ပိုကောင်းခဲ့တယ်လို့ ရိုးရိုးသားသား ယုံကြည်ပါတယ်။ အဲဒီအချိန်က ကျွန်တော့်အတွက် အချိန်ကောင်း မဟုတ်သေးလို့လည်း ဖြစ်နိုင်ပါတယ်" လို့လည်း ပြောခဲ့ပါတယ်။

လာမိုင်းယာမယ်လ်ဟာ ဒီနှစ်မှာလည်း အဲဒီဆုကို ရဖို့ ရေပန်းစားနေသူတွေထဲမှာ ပါဝင်နေပြန်ပါတယ်။ ဒါပေမဲ့ ဒမ်ဘီလီ၊ ဟာရီကိန်းတို့လို ပြိုင်ဘက်တွေ ရှိနေတာကြောင့် ကမ္ဘာ့ဖလားမှာ ဘယ်သူက အကောင်းဆုံး ခြေစွမ်းပြနိုင်မလဲဆိုတာပေါ်မှာပဲ မူတည်သွားနိုင်ပါတယ်။