The network connection is lost.

Banner Image

ဘာစီလိုနာဆီ ဘာနာဒိုဆေးလ်ဗားပြောင်းရွှေ့ဖို့ ထောက်ခံအားပေးလိုက်တဲ့ ရော်ဘတ်တိုမာတီနက်ဇ်

အခုလကုန်ပိုင်းမှာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကွင်းလယ်လူဘာနာဒို ဆေးလ်ဗားကို ဘာစီလိုနာအသင်းနဲ့ အကိုက်ညီဆုံးကစားသမား ဖြစ်လာလိမ့်မယ်လို့ ရော်ဘတ်တိုမာတီနက်ဇ်က ယုံကြည်နေပါတယ်။

ပေါ်တူဂီအသင်းနည်းပြက အသက် ၃၁ နှစ်အရွယ်ကစားသမားမှာ ဥရောပဘောလုံးလောကရဲ့အမြင့်မားဆုံးအဆင့်အောင်မြင်မှုတွေ ရယူနိုင်မယ့် အရည်အချင်းတွေ ပိုင်ဆိုင်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

ချီလီကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ပေါ်တူဂီအသင်းရဲ့စနေနေ့ခြေစမ်းပွဲစဉ်အပြီး မာတီနက်ဇ်က လာလီဂါဆီပြောင်းရွှေ့ဖို့ ကာလရှည်ချိတ်ဆက်မှုတွေ ရှိထားတဲ့ ဘာနာဒိုဆေးလ်ဗားနဲ့ပတ်သက်လို့ အကြံပြုပြောကြားသွားခဲ့ပါတယ်။

"ဘာနာဒိုဆေးလ်ဗားဆိုတာ ကမ္ဘာ့ဘောလုံးလောကရဲ့ ဘယ်လိုအဝတ်လဲခန်းမျိုးနဲ့မဆို အဆင်ပြေပြေ အသားကျနိုင်တဲ့ ထူးချွန်ပြောင်မြောက်တဲ့ ကစားသမားတစ်ဦးလို့ ကျွန်တော် ထင်ပါတယ်။ သူ့လို ကစားသမားမျိုးက လွယ်လွယ်ကူကူ မပေါ်ထွက်လာနိုင်သလို ဘယ်ကစားကွက်၊ ဘယ်ကစားဟန်နဲ့မဆို အံဝင်ခွင်ကျ ကစားနိုင်ပြီး သူ့ရဲ့ပတ်ဝန်းကျင်အခြေအနေတွေကိုပါ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်တဲ့ ကစားသမားမျိုး ဖြစ်ပါတယ်" လို့ ရော်ဘတ်တိုမာတီနက်ဇ်က ဆိုပါတယ်။

မန်စီးတီမှထွက်ခွာဖို့ အမြဲလိုလို သတင်းတွေထွက်ပေါ်နေတဲ့ ဘာနာဒိုဆေးလ်ဗားအတွက် စိတ်ဝင်စားမှုတွေ ဆက်လက်ရှိနေသလို ပေါ်တူဂီအသင်းကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမတိုင်ခင် နောက်ဆုံးပြင်ဆင်မှုအဖြစ် နိုင်ဂျီးရီးယားအသင်းနဲ့ ခြေစမ်းကစားဖို့ ရှိနေပါတယ်။