The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်ဆီ အိုလီစီပြောင်းရွှေ့တော့မယ်ဆိုတဲ့ ကောလာဟလတွေကို ဘိုင်ယန်မြူးနစ်ဥက္ကဋ္ဌဟိုင်နာ ငြင်းဆန်ပယ်ချ

ဟာဘတ်ဟိုင်နာက အခုနွေရာသီမှာ ရီးရဲလ်မက်ဒရစ်ဆီ အိုလီစီ ပြောင်းရွှေ့မယ်ဆိုတဲ့ ကောလာဟလတွေကို ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ပြီး ဒီပြင်သစ်တောင်ပံကစားသမားကို ရောင်းချသွားဖို့ရည်ရွယ်ချက် ဘိုင်ယန်မြူးနစ်မှာ လုံး၀မရှိဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

ဘိုင်ယန်ဥက္ကဋ္ဌက Bild ဆီပြောကြားရာမှာ ဒီကစားသမားမှာ ၂၀၂၉ ခုနှစ်အထိ ရေရှည်စာချုပ်သက်တမ်း ရှိနေပြီး ကလပ်အသင်းကိုယ်တိုင်လည်း ကစားသမားရောင်းချလေ့ရှိတဲ့ အသင်းမျိုး မဟုတ်ဘူးလို့ အလေးအနက် ပြောကြားခဲ့ကာ ယူရို သန်း ၁၅၀ ထက်ကျော်လွန်တဲ့ ကမ်းလှမ်းမှုမျိုးရရှိရင်တောင် သူတို့ရဲ့သဘောထား မပြောင်းလဲပေးနို်ငဘူးလို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

"အိုလီစီက ဘိုင်ယန်မြူးနစ်ကစားသမားဖြစ်ပြီး ရေရှည်စာချုပ်လည်း ရှိထားပါတယ်။ ကျွန်တော်တို့က ကစားသမားရောင်းချတဲ့ ကလပ်အသင်း မဟုတ်ပါဘူး။ တကယ်လို့ ဖလော်ရင်တီနိုပီရက်ဇ်က ကျွန်တော်တို့ဆီ ကမ်းလှမ်းမှုပြုလုပ်ချင်တယ်ဆိုရင်တောင် (လောလောဆယ်အထိတော့ မရှိသေးပါဘူး)၊ သူ အားထုတ်နေစရာ မလိုပါဘူး။ ယူရို သန်း ၁၅၀ ဒါမှမဟုတ် အဲဒီထက်မက ပေးရင်တောင် မရောင်းပေးနိုင်ပါဘူး" လို့ ဟိုင်နာက ပြောကြားခဲ့ပါတယ်။

အိုလီစီက ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ပြိုင်ပွဲစုံ ၅၂ ပွဲကစားရာ ၂၂ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၃၁ ကြိမ် ပြုလုပ်ခဲ့သလို ဘိုင်ယန်မြူးနစ်ကိုလည်း ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်လာအောင် ကူညီပေးခဲ့ပါတယ်။ ဒါကြောင့်ပဲ ရီးရဲလ်မက်ဒရစ်လို ဥရောပထိပ်တန်းပြိုင်ဘက်ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တာပါ။

သတင်းတွေအရ ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်တင်မြှောက်ခံထားရတဲ့ ဖလော်ရင်တီနို ပီရက်ဇ်က သူသာ ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခံရရင် ကစားသမားသစ်ခေါ်ယူဖို့အတွက် အနည်းဆုံး ယူရို သန်း ၁၅၀ အထိ အသုံးပြုသွားမယ်လို့ ပြောကြားခဲ့ပြီး အိုလီစီကို ရည်ညွှန်းပြောဆိုခဲ့ပုံရတယ်လို့ ယူဆနေကြပါတယ်။