The network connection is lost.

Banner Image

ပီအက်စ်ဂျီလူငယ်အသင်းခေါင်းဆောင်အမ်ဘမ်ဘာကို ခေါ်ယူဖို့ အာဆင်နယ် စိတ်ဝင်စားနေ

အာဆင်နယ်အသင်းက အခုနွေရာသီမှာ ပီအက်စ်ဂျီလူငယ်အသင်းကပ္ပတိန်အီမန်နျူရယ်အမ်ဘမ်ဘာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ Le Parisien သတင်းဌာနရဲ့ဖော်ပြချက်အရ သိရပါတယ်။

အသက် ၁၈ နှစ်အရွယ် ပြင်သစ် ယူ-၁၈ လက်ရွေးစင်ကစားသမားကို ဥရောပချန်ပီယံအသင်းက စာချုပ်သစ်အတွက် ကမ်းလှမ်းထားပေမဲ့ ကစားသမားရဲ့အနာဂတ်တော့ မရေမရာဖြစ်နေပြီး အသင်းမှ ထွက်ခွာဖို့ ပိုမိုနီးစပ်နေပါတယ်။

အာဆင်နယ်အသင်းက ခြေစွမ်းထက်မြက်တဲ့နောက်ခံလူကို သူတို့ရဲ့အားကစားစီမံကိန်းတွေအကြောင်း ချပြဆွေးနွေးထားပြီးဖြစ်ကာ အပြောင်းအရွှေ့ဖြစ်မြောက်လာဖို့ အသည်းအသန်ကြိုးပမ်းနေတယ်လို့ နားလည်ရပါတယ်။

တကယ်လို့ အပြောင်းအရွှေ့ပြီးမြောက်သွားမယ်ဆိုရင် ပရီးမီးယားလိဂ်ကလပ်အသင်းက အမ်ဘမ်ဘာကို စီနီယာအသင်းဆီ မခေါ်ယူခင် အတွေ့အကြုံရရှိစေဖို့အတွက် အခြားဥရောပလိဂ်တစ်ခုခုဆီ အငှားချသွားဖို့ စီစဉ်ထားပါတယ်။

လီဂူးဝမ်းဆီ တန်းတက်လာခဲ့တဲ့ ပါရီF.Cအသင်းကလည်း ဒီလူငယ်ကစားသမားလေးကို စောင့်ကြည့်နေပြီး အခုအပြောင်းအရွှေ့ကာလအတွင်း သူတို့ရဲ့မြို့ခံပြိုင်ဘက်အသင်းဆီမှ ဆွဲဆောင်ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။