ချဲလ်ဆီးကွင်းလယ်လူဟောင်း ချီဆာရေး ကာဆာဒေအီကို ခေါ်ယူဖို့ ဘရိုက်တန်နဲ့ အဲဗာတန် မျက်စိကျနေ
ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်လူဟောင်း ချီဆာရေး ကာဆာဒေအီ ကို ပြန်လည်ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်ကလပ် ဘရိုက်တန်နဲ့ အဲဗာတန်တို့က အပြိုင်အဆိုင် စိတ်ဝင်စားနေကြတယ်လို့ သတင်းများအရ သိရပါတယ်။
အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကာဆာဒေအီဟာ စတန်းဖို့ဒ်ဘရစ်ချ်မှာ နှစ်နှစ်ခွဲကြာ ရှိနေစဉ်အတွင်း ချဲလ်ဆီးပထမအသင်းကြီးမှာ နေရာတစ်နေရာရဖို့ ရုန်းကန်ခဲ့ရသူပါ။
သူ့ကို ရီးဒင်းနဲ့ လက်စတာ အသင်းတွေဆီ အငှားချခဲ့ပြီးတဲ့နောက်၊ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာတော့ အီတလီကလပ် တိုရီနို အသင်းဆီ အပြီးသတ် ပြောင်းရွှေ့စေခဲ့ပါတယ်။
Tuttosport ရဲ့ ဖော်ပြချက်အရ ကာဆာဒေအီဟာ စီးရီးအေ မှာ ပထမဆုံး ရာသီအပြည့် ကစားခွင့်ရချိန်မှာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဘရိုက်တန်နဲ့ အဲဗာတန်တို့က သူ့ကို ပရီးမီးယားလိဂ်ဆီ ပြန်ခေါ်ဖို့ မျှော်လင့်နေကြတာပါ။
ကာဆာဒေအီဟာ တိုရီနိုအသင်းအတွက် ၃၆ ပွဲ ကစားပေးပြီး ၇ ဂိုးအထိ သွင်းယူထားနိုင်ခဲ့သလို၊ အသင်းနဲ့လည်း ၂၀၂၉ ခုနှစ် နွေရာသီအထိ စာချုပ်သက်တမ်း ရှိနေပါတယ်။