The network connection is lost.

Banner Image

၄၁ ပွဲမှာ ၂ ဂိုးပဲ သွင်းနိုင်ခဲ့ပေမဲ့ ချဲလ်ဆီးမှာပဲ ဆက်နေပြီး နေရာလုဖို့ အားခဲထားတဲ့ လီယမ်ဒီလပ်

ချဲလ်ဆီးတိုက်စစ်မှူး လီယမ်ဒီလပ်ဟာ အသင်းနဲ့ ပထမဆုံးရာသီမှာ ရုန်းကန်ခဲ့ရပေမဲ့ အသင်းမှာပဲ ဆက်နေပြီး သူ့ရဲ့အရည်အချင်းကို သက်သေပြဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

အသက် ၂၃ နှစ်အရွယ် ဒီလပ်ကို ခေါ်ယူဖို့အတွက် မန်ယူ၊ နယူးကာဆယ်နဲ့ နော်တင်ဟမ်ဖောရက်စ်တို့က အပြိုင်အဆိုင် စိတ်ဝင်စားခဲ့ကြတာပါ။ ဒါပေမဲ့ ချဲလ်ဆီးက သူ့ရဲ့ အစ်ဆွစ်ချ်စာချုပ်ထဲက ပေါင်သန်း ၃၀ တန် စာချုပ်ဖျက်သိမ်းကြေးကို ပေးချေပြီး လက်ဦးမှုရယူ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီလပ်ဟာ ချဲလ်ဆီးမှာ ခြေစွမ်းမပြနိုင်ခဲ့ဘဲ ပြိုင်ပွဲစုံ ၄၁ ပွဲ ကစားပေးခဲ့ရာမှာ စိတ်ပျက်စရာကောင်းလောက်အောင် ၂ ဂိုးပဲ သွင်းယူနိုင်ခဲ့ပါတယ်။

BBC Sport ရဲ့ ဖော်ပြချက်အရ ဒီလပ်ဟာ သူ့ရဲ့တန်ဖိုးကို သက်သေပြနိုင်ဖို့အတွက် အသင်းမှာ အနည်းဆုံး နောက်ထပ်တစ်ရာသီ ထပ်နေဖို့ သန္နိဋ္ဌာန်ချထားတယ်လို့ သိရပါတယ်။

အသင်းအပေါ် စိတ်ပိုင်းဖြတ်ထားတဲ့အနေနဲ့ သူဟာ အသင်းအခြေစိုက်တဲ့ နယ်မြေမှာ အိမ်တစ်လုံးတောင် ဝယ်ယူလိုက်ပြီဖြစ်ပြီး၊ ချဲလ်ဆီးနည်းပြဟောင်းတွေကလည်း သူ့ရဲ့ ကြိုးစားအားထုတ်မှုအပေါ် ချီးကျူးခဲ့ကြပါတယ်။

ဒါပေမဲ့ ချဲလ်ဆီးအသင်းဘက်ကကော သူ့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။ အသင်းဘက်က သူ့ကို ချက်ချင်းရောင်းထုတ်ဖို့ အစီအစဉ်မရှိသေးပေမဲ့ သူ့ရဲ့ပြောင်းရွှေ့ကြေး သက်သာတာကြောင့် အခြားအသင်းတစ်သင်းဆီ လွှဲပြောင်းပေးဖို့တော့ လွယ်ကူတဲ့အခြေအနေမှာရှိနေပါတယ်။