The network connection is lost.

Banner Image

ချဲလ်ဆီးနဲ့ ဘာစီလိုနာတို့ရဲ့ပစ်မှတ် ကမ်ဘီယာဆိုအတွက် ပြောင်းရွှေ့ကြေးသတ်မှတ်လိုက်တဲ့ ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ်အသင်းက ချဲလ်ဆီးနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ပစ်မှတ်ဖြစ်တဲ့ ကမ်ဘီယာဆိုကို ရောင်းချဖို့အတွက် ပြောင်းရွှေ့ကြေးယူရို သန်း ၃၀ သာ တောင်းဆိုသွားမယ်လို့ သတင်းတွေအရ သိရပါတယ်။

လာမယ့်ရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်နဲ့ လွဲချော်ခဲ့ပြီးနောက် ဂျူဗင်တပ်စ်အသင်းက ဒီနွေရာသီမှာ ကစားသမားအချို့ကို ရောင်းချသွားနိုင်တယ်လို့ သိရပါတယ်။

အသက် ၂၆ နှစ်အရွယ်ကမ်ဘီယာဆိုလည်း အသင်းမှထွက်ခွာရနိုင်တဲ့ ကစားသမားတစ်ဦးအဖြစ် ရေပန်းစားနေပြီး ဒီဘယ်နောက်ခံလူကို ချဲလ်ဆီးနဲ့ ဘာစီလိုနာတို့က ချိတ်ဆက်နေကြပါတယ်။

Calciomercato သတင်းဌာနရဲ့ဖော်ပြချက်အရ အီတလီကလပ်အသင်းကြီးက ကမ်ဘီယာဆိုကိုယ်တိုင် အသင်းမှထွက်ခွာချင်ရင် တားဆီးသွားဖို့မရှိဘဲ အတော်လေးနည်းပါးတဲ့ ပြောင်းရွှေ့ကြေးပမာဏဖြစ်တဲ့ ယူရိုသန်း ၃၀ သာ တောင်းဆိုသွားမယ်လို့ သိရပါတယ်။

ဒီအီတလီလက်ရွေးစင်ကစားသမားက ၂၀၂၃ ခုနှစ်၊ ဘိုလော့ဂ်နာအသင်းမှ ရောက်ရှိလာခဲ့ပြီးနောက် ဂျူဗင်တပ်စ်အတွက် ပြိုင်ပွဲစုံ ၁၃၂ ပွဲအထိ ပါဝင်ကစားပေးခဲ့ကာ အသင်းရဲ့အဓိကကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။