The network connection is lost.

Banner Image

ဒီအိုမန်ဒီကို ခေါ်ယူနိုင်ရေးပြိုင်ပွဲမှာ ထိုးနှက်ချက်တစ်ခုနဲ့ ရင်ဆိုင်လိုက်ရတဲ့ လီဗာပူး

ဒီအိုမန်ဒီက "ငယ်ငယ်ကတည်းက ပီအက်စ်ဂျီကို ကြိုက်ခဲ့တာပါ" လို့ ပြောကြားခဲ့ပြီးနောက် သူ့ကို ခေါ်ယူချင်နေတဲ့ လီဗာပူးအသင်းရဲ့မျှော်လင့်ချက်တွေက အကြီးအကျယ် ထိုးနှက်ခံလိုက်ရပါတယ်။

အသက် ၁၉ နှစ်အရွယ်ဒီအိုမန်ဒီ လိုက်ပ်ဇစ်အသင်းအတွက် ၃၆ ပွဲကစားခဲ့ရာမှာ ၁၃ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၉ ကြိမ်ပြုလုပ်နိုင်ခဲ့ကာ ဥရောပရဲ့အကောင်းဆုံးလူငယ်တိုက်စစ်မှူးတွေအနက် တစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။

အခုနွေရာသီ၊ ဂန္ထဝင်တောင်ပံကစားသမားမိုဆာလက်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ဒီအိုမန်ဒီက လီဗာပူးအသင်းရဲ့ အလိုချင်ဆုံးရွေးချယ်မှုဖြစ်တယ်လို့လည်း ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြနေကြပါတယ်။

ဒါပေမဲ့ သူက ဥရောပချန်ပီယံပီအက်စ်ဂျီနဲ့လည်း သတင်းတွေ ထွက်ပေါ်နေပြီး လတ်တလောပြောကြားခဲ့တဲ့စကားတွေအရ ပီအက်စ်ဂျီကို သူ့အတွက် ဦးစားပေးအသင်းအဖြစ် သတ်မှတ်ထားနိုင်တယ်ဆိုတာ ထင်ရှားလွန်းပါတယ်။

L’Equipe သတင်းဌာနမှ ဖော်ပြခဲ့တဲ့ အင်တာဗျူးမှာ ဒီအိုမန်ဒီက "ငယ်ငယ်ကတည်းက ပီအက်စ်ဂျီကို ကျွန်တော် သဘောကျခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့အနာဂတ်ကို အခုကတည်းက ကြိုတင်မတွေးထားပါဘူး။ လောလောဆယ် ကမ္ဘာ့ဖလားကိုပဲ အာရုံစိုက်ထားပြီး အဲဒီနောက်ပိုင်းမှပဲ အနာဂတ်အတွက် စဉ်းစားသွားပါမယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။