The network connection is lost.

Banner Image

ပီအက်စ်ဂျီလူငယ်ကစားသမားဂျန်ဂီးလ်အပေါ် ပေါ်တိုအသင်းရဲ့စိတ်ဝင်စားမှု မြင့်တက်လာ

ပီအက်စ်ဂျီအသင်းမှာ ကစားသမားဘ၀အနာဂတ်အတွက် မရေမရာဖြစ်နေတဲ့ ဂျန်ဂီးလ်အပေါ် ဥရောပတလွှားရှိကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုတွေ ဆက်လက်တည်ရှိနေပါတယ်။

L’Equipe သတင်းဌာနရဲ့ဖော်ပြချက်အရ ပေါ်တူဂီဘီလူးကြီးပေါ်တိုက အသက် ၁၇ နှစ်အရွယ်ခြေစွမ်းထက်မြက်တဲ့ကစားသမားလေးကို ဒီနွေရာသီမှာ အသင်းဆီပြောင်းရွှေ့ဖို့အတွက် သူတို့ရဲ့အနာဂတ်စီမံကိန်းတွေကို ချပြဆွေးနွေးရင်းစည်းရုံးခဲ့တယ်လို့ သိရပါတယ်။

ဒီကွင်းလယ်တိုက်စစ်ကစားသမားက နည်းပြလူးဝစ်အင်းနရစ်ရဲ့အသင်းအတွက် လီဂူးဝမ်းနဲ့ ပြင်သစ်ဖလားပွဲစဉ်အချို့မှာ လူစားဝင်ကစားခဲ့ဖူးပေမဲ့ အများအားဖြင့်တော့ ကလပ်အသင်းရဲ့အကယ်ဒမီအသင်းမှာသာ ကျင်လည်ခဲ့ရပါတယ်။

ယူအီးအက်ဖ်အေလူငယ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂျန်ဂီးလ်က ၇ ပွဲ ကစား၊ ၃ ဂိုး သွင်းယူကာ အထင်ကြီးစရာခြေစွမ်း ပြသနိုင်ခဲ့ပြီး ကလပ်အသင်းရဲ့ အလားအလာအရှိဆုံး လူငယ်ကစားသမားတွေအနက် တစ်ဦးအဖြစ် သူ့ရဲ့ နာမည်ဂုဏ်သတင်းကို ပေါ်လွင်စေခဲ့ပါတယ်။

ဒါပေမဲ့ ပီအက်စ်ဂျီအကယ်ဒမီထွက် နောင်တော်ကစားသမားတွေလိုပဲ ဂျန်ဂီးလ်က စီနီယာအသင်းအတွက် ပါဝင်ကစားပေးဖို့ မဖြစ်နိုင်သေးဘဲ အသင်းမှထွက်ခွာသွားဖွယ် ရှိပါတယ်။

ဂျန်ဂီးလ်ကို ဂျာမနီမြေမှ စိတ်ဝင်စားမှု ပြင်းထန်နေဆဲဖြစ်ပြီး ဟမ်းဘတ်နဲ့ စတုဂတ်တို့က သူ့ရဲ့ အခြေအနေကို စောင့်ကြည့်နေကြပါတယ်။