The network connection is lost.

Banner Image

အာဆင်နယ်ရဲ့ ချန်ပီယံလိဂ်မျှော်လင့်ချက်ပြိုလဲမှုအပြီး မာဂယ်ဟေးစ်ကို ဘာကြောင့်နှစ်သိမ့်ပေးသလဲဆိုတာ ရှင်းပြလာတဲ့ မာကွင်ဟို့စ်

ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွင်း အာဆင်နယ်နောက်ခံလူမာဂယ်ဟေးစ်ရဲ့ နာကျင်စရာပင်နယ်တီလွဲချော်မှုအပြီး သူ့ကို ဘာကြောင့်သွားရောက်နှစ်သိမ့်အားပေးခဲ့ရလဲဆိုတဲ့ အကြောင်းရင်းကို ပီအက်စ်ဂျီ အသင်းခေါင်းဆောင်မာကွင်ဟို့စ်က ရှင်းလင်းပြောကြားခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဖော်တွေက ဒုတိယအကြိမ်မြောက်ဥရောပချန်ပီယံဆုအတွက် အောင်ပွဲခံနေကြချိန် ဘရာဇီးနောက်ခံလူကတော့ စာနာနားလည်မှုကို ပြသဖို့ ရွေးချယ်ခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ်မာကွင်ဟို့စ်က ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဖလားကွာတားဖိုင်နယ် ခရိုအေးရှားနဲ့ပွဲစဉ်မှာ ဘရာဇီးအသင်းအတွက် ပင်နယ်တီလွဲချော်ခဲ့တဲ့ သူ့ရဲ့နာကျင်စရာအတိတ်ကို ပြန်လည်အမှတ်ရခဲ့ပြီး အခုလိုအကြီးမားဆုံးပြိုင်ပွဲကြီးရဲ့စင်မြင့်ထက်မှာ မာဂယ်ဟေးစ်ရဲ့အဖြစ်အပျက်ကို မြင်တွေ့ရချိန် အဲ့ဒီလိုအမှတ်တရတွေ ပြန်လည်ပေါ်ပေါက်လာခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

"မာဂယ်ဟေးစ်ပင်နယ်တီလွဲချော်သွားချိန် ပြီးခဲ့တဲ့ကမ္ဘာ့ဖလားတုန်းက ကျွန်တော်တို့အသင်း ပြိုင်ပွဲမှ ထွက်ခွာခဲ့ရတဲ့ ခရိုအေးရှားနဲ့ပွဲစဉ်မှာ ကျွန်တော်ကိုယ်တိုင် ပင်နယ်တီလွဲချော်ခဲ့စဉ်က ခံစားချက်ကို ချက်ချင်းပြန်သတိရမိသွားပါတယ်" လို့ မာကွင်ဟို့စ်က မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

"ဒါက သူ့အတွက် တကယ်ကိုခက်ခဲတဲ့ အခိုက်အတန့်ဖြစ်သလို ကြီးမားတဲ့တာဝန်ယူမှုတစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒါကို ဖြတ်သန်းခဲ့ဖူးလို့ ကစားသမားတစ်ဦးအတွက် ဒီလိုအခြေအနေမျိုးနဲ့ရင်ဆိုင်ရချိန် ဘယ်လောက်အထိ ခက်ခဲပင်ပန်းသလဲဆိုတာ ကောင်းကောင်း သိပါတယ်"

"အဲဒီလိုအခိုက်အတန့်မှ လွတ်မြောက်ဖို့အတွက် စိတ်ဓာတ်ပိုင်း တကယ်ကို မာကျောဖို့ လိုအပ်သလို အဲဒါက ဘယ်လောက်အထိ ခက်ခဲလဲဆိုတာလည်း ကျွန်တော် သိပါတယ်။ မာဂယ်ဟေးစ်က ဒီချန်ပီယံဆုကို အမှန်တကယ်ရယူချင်ခဲ့ပြီး သူသာ လွဲချော်သွားရင် သူ့ရဲ့အိပ်မက်တွေ ပျက်ပြယ်သွားပြီး ကျွန်တော်တို့အသင်း ချန်ပီယံဖြစ်သွားမယ်ဆိုတာကို သူ သိနေခဲ့လို့ ဖိအားတွေလည်း အများကြီးရှိနေခဲ့ပါတယ်"လို့ မာကွင်ဟို့စ်က ဆက်ပြောခဲ့ပါတယ်။