The network connection is lost.

Banner Image

ချဲလ်ဆီးမှာ ရုန်းကန်နေရတဲ့ ဂါနာချိုကို ခေါ်ယူဖို့ အပြိုင်အဆိုင်စိတ်ဝင်စားနေတဲ့ စီးရီးအေကလပ်အသင်းလေးခုအထိ ရှိလာ

မန်ချက်စတာယူနိုက်တက်မှ ချဲလ်ဆီးဆီ စိတ်ဝင်စားစရာကောင်းတဲ့ ပြောင်းရွှေ့မှုပြုလုပ်ခဲ့ပြီးနောက် တစ်နှစ်အကြာ၊ လန်ဒန်မြေအဖွင့်ဘောလုံးရာသီမှာ စိတ်ပျက်စရာတွေ ကြုံတွေ့ခဲ့ရတဲ့ ဂါနာချိုအတွက် အနောက်လန်ဒန်ကလပ်အသင်းက ကမ်းလှမ်းမှုတွေကို စတင်စဉ်းစားနေပါပြီ။

အာဂျင်တီးနားတောင်ပံကစားသမားက နောက်တစ်ဆင့်ရောင်းချရမှုရဲ့ ၁၀ ရာခိုင်နှုန်းကို မန်ချက်စတာယူနိုက်တက်အသင်း ရရှိမယ့် သဘောတူညီမှုအပါအဝင် ပြောင်းရွှေ့ကြေး ယူရို ၄၇ သန်းဝန်းကျင်နဲ့ စတမ်းဖို့ဒ်ဘရစ်ချ်ဆီ ရောက်ရှိလာခဲ့ပေမဲ့ သူ့ရဲ့ပြောင်းရွှေ့ကြေးနဲ့ထိုက်တန်တဲ့ ခြေစွမ်းမျိုးပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

ဂါနာချိုက ချဲလ်ဆီးမှာ ပြိုင်ပွဲစုံစုစုပေါင်း ၈ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး အဲဒီသွင်းဂိုးတွေအနက် ပရီးမီးယားလိဂ်တစ်ဂိုးနဲ့ ချန်ပီယံလိဂ်တစ်ဂိုးသာ ပါဝင်ခဲ့ပါတယ်။ အခုလို ခြေစွမ်းမတည်ငြိမ်မှုတွေနဲ့ ပုံစံကောင်းပျောက်ဆုံးနေတာတွေကြောင့် သူ့ကို အသင်းရဲ့ ဦးစားပေးလူစာရင်းမှ ဖယ်ထုတ်ခဲ့ပါတယ်။

မျှော်မှန်းထားသလိုဖြစ်မလာခဲ့တဲ့ ရာသီတစ်ခုအပြီး ချဲလ်ဆီးအသင်းတာဝန်ရှိသူတွေက အသက် ၂၀ နှစ်အရွယ်ကစားသမားကို ရောင်းချဖို့ လမ်းဖွင့်ပေးထားတယ်လို့ သတင်းတွေအရ သိရပါတယ်။

အင်္ဂလန်မြေမှာ ရုန်းကန်ခဲ့ရပေမဲ့လည်း ဂါနာချိုကို အီတာလျံထိပ်တန်းကလပ်အသင်းတွေဖြစ်တဲ့ ဂျူဗင်တပ်စ်၊ အေစီမီလန်၊ ရိုးမား၊ နာပိုလီတို့ရဲ့စိတ်ဝင်စားမှု ရှိနေပြီး သူ့ရဲ့အခြေအနေကို အပြင်းအထန်စောင့်ကြည်နေကြပါတယ်။