The network connection is lost.

Banner Image

လီဗာပူးပစ်မှတ်ဒီအိုမန်ဒီနဲ့ ပီအက်စ်ဂျီအသင်းအကြား အပြောင်းအရွှေ့သဘောတူညီမှု ရရှိပြီလို့ သတင်းထွက်ပေါ်

လိုက်ပ်ဇစ်ကြယ်ပွင့်တောင်ပံကစားသမားဒီအိုမန်ဒီက အခုနွေရာသီမှာ ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူညီလိုက်ပြီလို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒီနွေရာသီမှာ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီလိုက်ပြီလို့ သတင်းများအရ သိရပါတယ်။

Foot Mercato သတင်းဌာနရဲ့ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းက ဂျာမနီမြေမှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့တဲ့ အသက် ၁၉ နှစ်အရွယ်ကစားသမားကို ခေါ်ယူနိုင်ဖို့အတွက် သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ရရှိနေပြီလို့ သိရပါတယ်။

အိုင်ဗရီကို့စ်လက်ရွေးစင်ကစားသမားက အသင်းအတွက် ၁၃ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှုကိုးကြိမ် ပြုလုပ်ကာ လိုက်ပ်ဇစ်ကို ဥရောပချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရရှိအောင် ကူညီပေးနိုင်ခဲ့ပြီး ကောင်းမွန်တဲ့ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းခဲ့ပါတယ်။

အထူးသဖြင့် ပီအက်စ်ဂျီက လီကန်အင်ရဲ့အနာဂတ်မရေမရာဖြစ်နေချိန် နည်းပြအင်းနရစ်ရဲ့လူစာရင်းမှာ  ရေရှည်အားထားရနိုင်တဲ့ကစားသမားအဖြစ် ဒီအိုမန်ဒီကို ရှုမြင်ထားပါတယ်။

တဖက်မှာလည်း လီဗာပူးအသင်းက ဒီလူငယ်ကစားသမားလေးကို ခေါ်ယူဖို့ အပြိုင်အဆိုင်ကြိုးပမ်းနေပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံတွေက ဒီအိုမန်ဒီကို မိုဆာလက်ရဲ့နေရာမှာ အစားထိုးနိုင်မယ့်သူအဖြစ် ရှုမြင်ထားပြီး သူ့ရဲ့အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ယူဆရပါတယ်။