The network connection is lost.

Banner Image

ရာဖေးလ်လီယာအိုကိုခေါ်ယူဖို့ နီးစပ်လာတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ နွေရာသီမှာ အသင်းကို အလုံးအရင်းနဲ့ ပြင်ဆင်ဖွဲ့စည်းမှုတွေလုပ်ဆောင်ဖို့ စီစဉ်နေပြီး အေစီမီလန်တောင်ပံကစားသမား ရာဖေးလ်လီယာအိုကို ခေါ်ယူဖို့ မျက်စိကျနေပါတယ်။

အိုးလ်ထရက်ဖို့ဒ်ရဲ့ ကြီးကျယ်တဲ့ အပြောင်းအရွှေ့စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ရာဖေးလ်လီယာအိုကို ယူနိုက်တက်က စောင့်ကြည့်နေတာပါ။

မိုက်ကယ်ကားရစ်ကို အမြဲတမ်းနည်းပြသစ်အဖြစ် အတည်ပြုခန့်အပ်ပြီးနောက် ၂၀၂၅-၂၆ ပရီးမီးယားလိဂ်ရာသီကုန်မှာ ရလဒ်ကောင်းတွေနဲ့အတူ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ကိုလည်း ရရှိထားခဲ့ပါတယ်။

ကားရစ်က အသင်းကို တည်ငြိမ်မှုရအောင် လုပ်ဆောင်ပေးနိုင်ခဲ့တာကြောင့် နောက်ရာသီမှာ ဆုဖလားတွေအတွက် ယှဉ်ပြိုင်နိုင်မယ်လို့ ပရိသတ်တွေက ယုံကြည်နေကြသလို ယူနိုက်တက်ဘုတ်အဖွဲ့ကလည်း နည်းပြဖြစ်သူအတွက် အပြောင်းအရွှေ့အသုံးစရိတ် အများအပြား ချပေးသွားမှာဖြစ်ပါတယ်။

မားသီးယပ်စ် ကွန်ညာ၊ ဘရိုင်ယန် အမ်ဘူမိုနဲ့ အာမတ် ဒီယာလိုတို့ ခြေစွမ်းပြနေပေမဲ့လည်း ကားရစ်ကတော့ အသင်းရဲ့ တိုက်စစ်ပိုင်းကို ပိုမိုအားကောင်းစေဖို့အတွက် ကစားသမားသစ်တွေ ရှာဖွေနေပြီး လီယာအိုက သူအလိုရှိတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက ဘာစီလိုနာအသင်းဟာ နီကိုဝီလျံကို မခေါ်နိုင်ခဲ့လို့ ဒုတိယရွေးချယ်မှုအနေနဲ့ လီယာအိုကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ယူနိုက်တက်ဆီကနေ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို အငှားနဲ့ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့တာပါ။

Football Insider ရဲ့ ဖော်ပြချက်အရ အေစီမီလန်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့တာကြောင့် လီယာအိုရဲ့ ပြောင်းရွှေ့ကြေးကို လျှော့ချဖို့ ပြင်ဆင်နေပြီး ကားရစ်ကတော့ အသက် ၂၆ နှစ်အရွယ် ကစားသမားအတွက် ယူရို သန်း ၄၀ (ပေါင် ၃၄.၅ သန်း) ဝန်းကျင်နဲ့ စတင် ကမ်းလှမ်းနိုင်တယ်လို့ သိရပါတယ်။

ယူနိုက်တက်ကတော့ ပြီးခဲ့တဲ့ရာသီမှာ ၁၀ ဂိုးပဲ သွင်းနိုင်ခဲ့တဲ့ လိုင်လီကစားသမားဟောင်း လီယာအိုအတွက် တခြားအသင်းတွေနဲ့ အပြိုင်ဆိုင် ဈေးခေါ်ရတာမျိုးကို ရှောင်ချင်နေပါတယ်။ ဒါပေမဲ့ လီယာအိုကိုယ်တိုင်က အရင်က ပြောခဲ့ဖူးတဲ့ စကားတွေအရ မန်ချက်စတာကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနိုင်ခြေ ရှိပါတယ်။

"ကျွန်တော့်ရဲ့ အိုင်ဒေါက စီရော်နယ်လ်ဒို ဖြစ်တာကြောင့် (မန်ချက်စတာ) ယူနိုက်တက်ကို ကြိုက်ပါတယ်။ ဒါကြောင့် အရင်က သူတို့ပွဲတွေကို ကြည့်ဖြစ်တယ်။ အာဆင်နယ်ကိုလည်း ကြိုက်ပါတယ်" လို့ လီယာအိုက ပြောကြားခဲ့ဖူးပါတယ်။