The network connection is lost.

Banner Image

အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်နေတဲ့ ဂျီးဆပ်စ်အတွက် စျေးနှုန်းသတ်မှတ်လိုက်တဲ့ အာဆင်နယ်

အမ်းမရိတ်ကွင်းမှာ အနာဂတ်မရေမရာဖြစ်နေတဲ့ တိုက်စစ်မှူးဂျီးဆပ်စ်ကို လာမယ့်နွေရာသီမှာ ခေါ်ယူချင်တယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ ဝန်းကျင် ပေးချေရမယ်လို့ အာဆင်နယ်အသင်းက စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေဆီ အကြောင်းကြားထားတယ်လို့ သိရပါတယ်။

သတင်းတွေအရ အာဆင်နယ်အသင်းဟာ အသက် ၂၉ နှစ်အရွယ်ဂျီးဆပ်စ်နဲ့ပတ်သက်လို့ စုံစမ်းမေးမြန်းမှုတွေ လက်ခံရရှိထားပြီး လာမယ့်ရာသီအတွက် တိုက်စစ်ပိုင်းအပြောင်းအလဲပြုလုပ်ဖို့ ပြင်ဆင်နေလို့ ကမ်းလှမ်းမှုတွေကို နားထောင်ပေးရန် အသင့်ရှိနေတယ်လို့ သိရပါတယ်။

ဂျီးဆပ်စ်က ပြင်းထန်ဒူးအရွတ်ဒဏ်ရာနဲ့အတူ စိတ်ပျက်စရာကောင်းတဲ့ရာသီတစ်ခုကို ဖြတ်သန်းခဲ့ရပါတယ်။

သူက ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်း ဒဏ်ရာမှပြန်လာနိုင်ခဲ့ပြီး ၂၇ ပွဲ ကစားရာမှာ ၆ ဂိုးသွင်းယူပေးနိုင်ခဲ့ပေမဲ့ နည်းပြအာတီတာလက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့အတွက် ရုန်းကန်နေရပါတယ်။

မန်စီးတီးကြယ်ပွင့်ဟောင်းက အာဆင်နယ်ရဲ့တိုက်စစ်ပိုင်းမှာ ယောကရက်စ် နဲ့ ကိုင်ဟားဗက်ဇ်တို့ရဲ့နောက်ဆီ ရောက်ရှိနေပြီး ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာလည်း ၃ ပွဲသာ ပွဲထွက်ကစားခွင့် ရရှိထားပါတယ်။