ပက်ဂွါဒီယိုလာရဲ့နောက်ကိုလိုက်ပြီး မန်စီးတီးကနေ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ နီကိုဂွန်ဇာလက်ဇ်
နီကိုဂွန်ဇာလက်စ်ဟာ အခုလာမယ့်နွေရာသီမှာ ပက်ဂွာဒီယိုလာရဲ့နောက်ကိုလိုက်ပြီး မန်စီးတီးအသင်းကနေ ထွက်ခွာဖို့ စိတ်အားထက်သန်နေတယ်လို့ သတင်းတွေအရ သိရပါတယ်။ အသက် ၂၄ နှစ်အရွယ် ဒီကစားသမားကို ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ ပေါ်တိုအသင်းကနေ ခေါ်ယူခဲ့တာဖြစ်ပေမဲ့ မန်စီးတီးမှာ ပွဲထွက်ခွင့်ပုံမှန်မရဘဲ ရုန်းကန်နေရပါတယ်။ သူဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၂၅ ပွဲမှာ ၁၇ ပွဲသာ ပွဲထွက်ကစားခွင့် ရရှိခဲ့တာပါ။
The Times သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်စီးတီးအသင်းဟာ လူစာရင်းကို အကြီးအကျယ် ပြုပြင်ပြောင်းလဲဖို့ ရှိနေတာကြောင့် ကစားခွင့်နည်းပါးနေတဲ့ ဂွန်ဇာလက်စ်က အသင်းကနေ ထွက်ခွာဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ နည်းပြသစ် အန်ဇိုမာရက်စကာရဲ့ လက်အောက်မှာ အသင်းဟာ ကွင်းလယ်လူအသစ်တစ်ယောက် ခေါ်ယူဖို့ ရှာဖွေနေပြီး အဲလီယော့အန်ဒါဆင်နဲ့ အန်ဇိုဖာနန်ဒက်စ်တို့ကို ခေါ်ယူဖို့ သတင်းတွေ အကြီးအကျယ် ထွက်ပေါ်နေပါတယ်။ ဒါ့အပြင် ရိုဒရီကလည်း အနည်းဆုံး နောက်ထပ်တစ်ရာသီလောက် အသင်းမှာ ဆက်ရှိနေမယ့် ပုံစံမျိုး ရှိနေပြီး မန်စီးတီးကလည်း သူ့ကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေပါတယ်။