The network connection is lost.

Banner Image

လီဝန်ဒေါစကီးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ အမေရိကန်မေဂျာလိဂ်ကလပ်အသင်း အတည်ပြု

ချီကာဂိုဖိုင်းယားအသင်းနည်းပြဘာဟော်လ်တာက ဒီနွေရာသီမှာ လီဝန်ဒေါစကီးကို ခေါ်ယူနိုင်ဖို့အတွက် မျှော်လင့်ချက်ရှိနေတယ်လို့ ရှင်းရှင်းလင်းလင်း ပြောကြားလိုက်ပါတယ်။

အသက် ၃၇ နှစ်အရွယ်လီဝန်ဒေါစကီးဟာ စပိန်လာလီဂါချန်ပီယံဘာစီလိုနာနဲ့အတူ ဖြတ်သန်းခဲ့တဲ့ အောင်မြင်ကျော်ကြားလှတဲ့လေးနှစ်တာကာလခရီးစဉ်ကို အဆုံးသတ်ပြီး အခုနွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာလာပါလိမ့်မယ်။

ပိုလန်ဝါရင့်တိုက်စစ်မှူးကိုခေါ်ယူဖို့ အီတလီကလပ်အသင်းအချို့အပြင် ဆော်ဒီအာရေဗျကလပ်အသင်းလည်း စိတ်ဝင်စားနေလို့ လီဝန်ဒေါစကီးအတွက် ရွေးချယ်စရာတွေ အများကြီး ရှိနေပါတယ်။

ဒါပေမဲ့ ချီကာဂိုဖိုင်းယားအသင်းကတော့ တခြားအသင်းတွေထက် လက်ဦးမှုယူပြီး သူ့ကို အမေရိကန်မြေဆီ ခေါ်ဆောင်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ နည်းပြဘာဟော်လ်တာက အတည်ပြုခဲ့ပါတယ်။

"လီဝန်ဒေါစကီးက ဘာစီလိုနာကစားသမားမဟုတ်တော့တဲ့အတွက် ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောလို့ရပါပြီ။ သူက ကျွန်တော်တို့ အမှန်တကယ်ခေါ်ယူချင်တဲ့ ကစားသမားတစ်ဦးပါ" လို့ ဘာဟော်လ်တာ ဆိုပါတယ်။

"ကျွန်တော်တို့တွေ လီဝန်ဒေါစကီးနဲ့ရော၊ သူ့ရဲ့ကိုယ်စားလှယ်တွေနဲ့ပါ စကားပြောဆိုမှုတွေ လုပ်ခဲ့ပါတယ်။ သူ့လိုအဆင့်ရှိတဲ့ ကစားသမားတစ်ဦးမှာ တခြားကမ်းလှမ်းမှုတွေ အများကြီးရှိနေမယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အကြား အဆက်အသွယ်မပြတ်ရှိနေပြီး အတော်လေးကို အပေါင်းလက္ခဏာဆောင်ပါတယ်" လို့လည်း ဘာဟော်လ်တာက ပြောကြားခဲ့ပါတယ်။