ပရီးမီးယားလိဂ်ကို အံ့အားသင့်ဖွယ် ပြန်လာဖို့ စီစဉ်နေတဲ့ လက်စတာဂန္ထဝင် ဂျေမီဗာဒီ
လက်စတာစီးတီးဂန္ထဝင် ဂျေမီဗာဒီဟာ ပရီးမီးယားလိဂ်ဆီကို အံ့အားသင့်ဖွယ် ပြန်လာဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေအရ သိရပါတယ်။
အသက် ၃၉ နှစ်အရွယ် ဗာဒီဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ လက်စတာအသင်း ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့ပြီးနောက် အသင်းကနေ ထွက်ခွာခဲ့တာဖြစ်ပြီး အဲ့ဒီနောက်ပိုင်းမှာ လက်စတာဟာ လိဂ်ဝမ်း (League One) အဆင့်အထိပါ ထပ်မံဆင်းသွားခဲ့တာဖြစ်ပါတယ်။
ဗာဒီဟာ ၂၀၂၅-၂၆ ရာသီကို အီတလီကလပ် ခရီမိုနီးစ် အသင်းမှာ ကုန်ဆုံးခဲ့ပြီး လိဂ်ဂိုး ၇ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပေမဲ့ အသင်းကို တန်းမဆင်းရအောင်တော့ မတားဆီးနိုင်ခဲ့ပါဘူး။
Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ အသင်းတန်းဆင်းသွားပြီးနောက် ဗာဒီဟာ အသင်းကနေ ထွက်ခွာဖို့ ရှိနေပြီး ပရီးမီးယားလိဂ်ကို ပြန်လာဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ပရီးမီးယားလိဂ်ကလပ်အသင်း အတော်များများက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြသလို ဗာဒီဟာ ဖီယင်နု အသင်းဆီကနေလည်း အခွင့်အရေးကောင်းတဲ့ ကမ်းလှမ်းမှုတစ်ခု ရရှိထားတယ်လို့ သိရပါတယ်။