The network connection is lost.

Banner Image

ယူနိုက်တက်ရဲ့ တောင်းဆိုချက်ကို လိုက်လျောပြီး မားကတ်စ်ရက်ရှ်ဖို့ဒ်ကို အပြီးသတ်ခေါ်ယူဖို့ ဘာစီလိုနာ ပြင်ဆင်

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မားကတ်စ်ရက်ရှ်ဖို့ဒ်ရဲ့ အငှားစာချုပ်ထဲမှာ ပါဝင်တဲ့ ပေါင် ၂၆ သန်းနဲ့ အပြီးသတ်ဝယ်ယူခွင့်ကို ပေးချေဖို့ ဘာစီလိုနာအသင်းက ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့နွေရာသီက နူးကမ့်ကွင်းကို ပြောင်းရွှေ့လာပြီးကတည်းက ခြေစွမ်းပြနေတာဖြစ်ပြီး အသင်းအတွက် ၄၈ ပွဲကစားပေးထားရာမှာ ၁၄ ဂိုးသွင်း၊ ၁၁ ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ သူဟာ ကာတာလန်မြေမှာ အထင်ကြီးစရာကောင်းတဲ့ ရာသီတစ်ခုကို ဖြတ်သန်းခဲ့ပြီး အယ်လ်ကလက်စီကိုပွဲစဉ်မှာ သွင်းယူခဲ့တဲ့ ဖရီးကစ်ဂိုးနဲ့အတူ ဘာစီလိုနာအသင်း လာလီဂါချန်ပီယံဆု ဆွတ်ခူးနိုင်အောင် ကူညီပေးခဲ့သူလည်း ဖြစ်ပါတယ်။

ကာတာလန်နီးယား ရေဒီယိုရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ သေချာစဉ်းစားသုံးသပ်ပြီးနောက် အငှားစာချုပ်ပါ အပြီးသတ်ဝယ်ယူခွင့်ဖြစ်တဲ့ ပေါင် ၂၆ သန်းကို ပေးချေဖို့ အခုအခါမှာ သဘောတူလိုက်ပြီဖြစ်ပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ ရက်ရှ်ဖို့ဒ်ရဲ့ အရည်အသွေးမျိုးရှိတဲ့ ကစားသမားကို ဒီလိုဈေးနှုန်းမျိုးနဲ့ ထပ်မံရှာဖွေနိုင်မယ်လို့ မထင်တာကြောင့်လည်း အခုလို ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာဟာ ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်ပြီး မူရင်းကလပ်ဖြစ်တဲ့ မန်ယူအသင်းနဲ့ ညှိနှိုင်းဖို့ မျှော်လင့်ခဲ့ပေမဲ့ ပရီးမီးယားလိဂ်ကလပ်ဘက်ကတော့ ညှိနှိုင်းဖို့ စိတ်ဝင်စားမှုမရှိခဲ့ပါဘူး။ ဒါ့အပြင် ရက်ရှ်ဖို့ဒ်ကိုယ်တိုင်ကလည်း ဒီအပြောင်းအရွှေ့ ဖြစ်မြောက်လာစေဖို့အတွက် သူရရှိနေတဲ့ လုပ်ခလစာရဲ့ ၄၀ ရာခိုင်နှုန်းအထိ အများအပြားလျှော့ချဖို့ ဆန္ဒရှိနေတယ်လို့လည်း သတင်းများက ဖော်ပြနေကြပါတယ်။