The network connection is lost.

Banner Image

ဘိုင်ယန်မြူးနစ်စိတ်ဝင်စားနေပေမဲ့ ဘစ်ဆက်ကို အသင်းမှာဆက်ထိန်းထားဖို့ အင်တာမီလန် ဆုံးဖြတ်ထား

အင်တာမီလန်အသင်းက ဥရောပတစ်ဝှမ်း စိတ်ဝင်စားမှုတွေ ရရှိထားတဲ့ နောက်ခံလူဘစ်ဆက်ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ပြင်ဆင်နေပါတယ်။ 

အသက် ၂၃ နှစ်အရွယ်ကစားသမားက စီးရီးအေကလပ်အသင်းရဲ့ခံစစ်ပိုင်းအတွက် အရေးပါသူတစ်ဦး ဖြစ်လာနေပေမဲ့ သူ့ရဲ့ကစားသမားဘဝကို စီမံခန့်ခွဲပေးရန် နာမည်ကြီးအေးဂျင့်အသစ်တစ်ဦးခန့်အပ်ဖို့ နီးစပ်နေတယ်လို့ သတင်းတွေထွက်ပေါ်လာလို့ အသင်းပြောင်းရွှေ့တော့မယ့် သတင်းတွေလည်း ပိုပြီး ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပါတယ်။ 

အီတလီမှလာတဲ့ သတင်းတွေအရ ဘစ်ဆက်ရဲ့အေးဂျင့်အဖြစ် ဆောင်ရွက်ခွင့်ရဖို့ ထိပ်တန်းအားကစားအေးဂျင်စီအများအပြား ယှဉ်ပြိုင်နေကြပြီး လက်ရှိမှာတော့ ဂျီယိုဗန်နီဘရန်ချီနီက အလားအလာအကောင်းဆုံးဖြစ်နေတယ်လို့ သိရပါတယ်။

အခုလိုအခြေအနေတွေကြောင့် ပရီးမီးယားလိဂ်နဲ့ ဘွန်ဒက်လီဂါကလပ်တွေက သတိထားစောင့်ကြည့်လာကြပြီး ဘိုင်ယန်မြူးနစ်အသင်းကတော့ ဒီဂျာမနီဗဟိုနောက်ခံလူရဲ့တိုးတက်မှုတွေကို အနီးကပ်စောင့်ကြည့်နေပါတယ်။ 

အခြားအသင်းတွေရဲ့စိတ်ဝင်စားမှုတွေ မြင့်တက်နေပေမဲ့လည်း အင်တာမီလန်ကတော့ ဘစ်ဆက်ကို မီလန်မှာပဲ ဆက်ထားဖို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားပါတယ်။ 

ဘစ်ဆက်ကိုယ်တိုင်လည်း ဆန်စီရိုမှာ ပျော်ရွှင်နေတယ်လို့ သိရပေမဲ့ ဥရောပထိပ်တန်းအသင်းကြီးတွေရဲ့စိတ်ဝင်စားမှုတွေနဲ့အတူ လာမယ့်အပြောင်းအရွှေ့ကာလတွေမှာ အင်တာမီလန်အသင်းရဲ့ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို စမ်းသပ်စရာ ဖြစ်လာနိုင်ပါတယ်။