The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌပီရက်ဇ်ရဲ့မှတ်ချက်နဲ့ပတ်သက်လို့ ပြန်လည်တုံ့ပြန်လာတဲ့ ဘာစီလိုနာကြယ်ပွင့်ဖာမင်လိုပက်ဇ်

ဘာစီလိုနာကွင်းလယ်ဖန်တီးရှင်ဖာမင်လိုပက်ဇ်က ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌဖလော်ရန်တီနိုပီရက်ဇ်ရဲ့ ‘ဆုဖလားတွေ ခိုးယူခံခဲ့ရတယ်’ ဆိုတဲ့ ပြောဆိုချက်အပေါ် ပြန်လည်တုံ့ပြန်လိုက်ပါတယ်။

လတ်တလောသတင်းစာရှင်းလင်းပွဲတစ်ခုမှာ ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌပီရက်ဇ်က သူတာဝန်ယူနေချိန်အတွင်း ဘာစီလိုနာအသင်းရဲ့ဆုဖလားခိုးယူမှုတွေကို ခံစားခဲ့ရတယ်လို့ အံ့အားသင့်ဖွယ် ပြောကြားခဲ့ပါတယ်။

ပီရက်ဇ်က "ကျွန်တော်ရဲ့ဥက္ကဋ္ဌသက်တမ်းမှာ လာလီဂါချန်ပီယံဆုဖလား ၇ လုံးပဲ ရခဲ့တာလား? တကယ်တော့ ကျွန်တော်က လာလီဂါချန်ပီယံဆု ၁၄ ကြိမ် အနိုင်ရရှိခဲ့ပါတယ်။ မရဘဲကျန်ခဲ့တဲ့ ဖလားတွေကိုတော့ ကျွန်တော်ဆီမှ မတော်မတရားခိုးယူသွားခဲ့ပါတယ်" လို့ ဆိုပါတယ်။

ဒါ့အပြင် အခုဘောလုံးရာသီအပေါ် အာရုံစိုက်လာတဲ့ ပီရက်ဇ်က "ဒီရာသီမှာ ကျွန်တော်တို့အသင်းဆီမှ မတော်မတရားခိုးယူခဲ့ကြတဲ့ ရမှတ် ၁၈ မှတ်အကြောင်းပြသမယ့် ဗီဒီယိုတစ်ခုတောင် ပြင်ဆင်ထားပါတယ်" လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဒီနောက်မှာ အသက် ၂၃ နှစ်အရွယ်ဘာစီလိုနာကွင်းလယ်လူလိုပက်ဇ်က Que Thi Jugues နဲ့တွေ့ဆုံချိန် ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌရဲ့ပြောဆိုချက်ကို အခုလိုမျိုး တုံ့ပြန်သွားခဲ့ပါတယ်။

"အဲ့ဒီအချိန်တုန်းက လီယွန်နယ်မက်ဆီ၊ အင်နီယေစတာနဲ့ ဇာဗီတို့ ကစားနေလို့ ဖလော်ရန်တီနိုပီရက်ဇ်ပြောတဲ့အရာတွေက အမှန်တရား မဖြစ်နိုင်ပါဘူး။ ဘာစီလိုနာက လာလီဂါချန်ပီယံဆုဖလားတွေကို ခိုးယူခဲ့တယ်ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ကိစ္စပါ" လို့ လိုပက်ဇ်က တုံ့ပြန်ပြောကြားခဲ့ပါတယ်။