The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြန်လာဖို့ နီးစပ်နေမှုကြောင့် အလွန်စိတ်လှုပ်ရှားနေတဲ့ မော်ရင်ဟို

မော်ရင်ဟိုကို ရီးရဲလ်မက်ဒရစ်အသင်းနည်းပြသစ်အဖြစ် မကြာခင်ကြေညာသွားနိုင်ပါတယ်။

အသက် ၆၃ နှစ်အရွယ်မော်ရင်ဟိုက ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၃ ခုနှစ်အထိ သူကိုင်တွယ်ခဲ့ဖူးတဲ့ အသင်းဟောင်းဆီ ပြန်လာဖို့အတွက် ဘင်ဖီကာအသင်းရဲ့စာချုပ်သစ်ကမ်းလှမ်းမှုကိုပါ ငြင်းပယ်ခဲ့ပါတယ်။

နာမည်ကျော်သတင်းထောက်ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ မော်ရင်ဟိုက ၁၃ နှစ်ကြာကင်းကွာခဲ့တဲ့ ဘာနေဗျူးဆီ ပြန်လာဖို့အတွက် မီးစိမ်းပြလိုက်ပြီလို့ သိရပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ ဘာစီလိုနာကို ရှုံးနိမ့်ခဲ့ပြီးနောက် နှစ်ရာသီဆက်ဖလားလက်မဲ့ဖြစ်ခဲ့ရပေမဲ့ ချန်ပီယံလိဂ်ဆုဖလား ၁၅ ကြိမ်ပိုင်ဆိုင်ထားတဲ့ အသင်းကြီးဆီ ပြန်လာဖို့ကို မော်ရင်ဟိုမှာ ဘာသံသယမှ မရှိခဲ့ပါဘူး။ 
 
လတ်တလော အသင်းအတွင်းရှုပ်ထွေးမှုတချို့ ရှိနေပေမဲ့ ပေါ်တူဂီသားနည်းပြကြီးကတော့ ရီးရဲလ်မက်ဒရစ်အသင်းကို ပြန်လည်ကိုင်တွယ်ရမှာဖြစ်လို့ "အရမ်းစိတ်လှုပ်ရှားနေတယ်" လို့ သိရပါတယ်။

လတ်တလောမှာ ဗယ်လ်ဗာဒီက ချူအာမန်နီနဲ့ ခိုက်ရန်ဖြစ်ပွားပြီးနောက် ဆေးရုံရောက်ခဲ့သလို ကစားသမားတချို့လည်း အာဘီလိုအာနဲ့ စကားမပြောကြတော့တဲ့အထိ အသင်းတွင်းအခြေအနေတွေ မငြိမ်မသက် ဖြစ်နေပါတယ်။

ဒီလိုပြဿနာတွေကို ဖြေရှင်းဖို့အတွက် မော်ရင်ဟိုက အသင့်တော်ဆုံး နည်းပြဖြစ်မလားဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်။ ဒါပေမဲ့ မော်ရင်ဟိုက ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် အမှတ်ပေးချန်ပီယံဆုမရရှိထားလို့ အမြဲတမ်းလိုလိုအောင်မြင်မှုဆာလောင်နေတဲ့အသင်းအတွက် ကောင်းမွန်တဲ့လက္ခဏာတစ်ရပ်တော့ မဖြစ်နေပါဘူး။