The network connection is lost.

Banner Image

အက်စတွန်ဗီလာနဲ့ပွဲစဉ်မတိုင်ခင် လီဗာပူးအသင်းရဲ့အခြေအနေကို ထုတ်ဖော်ပြောကြားလာတဲ့ အန်းစလော့

ဒီည၊ အက်စတွန်ဗီလာနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်မတိုင်ခင် ကြာသပတေးနေ့၊မနက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲဆီ အန်းစလော့ တက်ရောက်ခဲ့ပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆုံးအဖြတ်ဖြစ်လာနိုင်တဲ့ အခုပွဲစဉ်မှာ လီဗာပူးအသင်းက အဆင့်-၄ နေရာမှာ ရမှတ်တူနေတဲ့ အက်စတွန်ဗီလာရဲ့ဗီလာပတ်ခ်ကွင်းဆီ သွားရောက်ယှဉ်ပြိုင်ကစားရပါမယ်။

လာမယ့်ရာသီမှာလည်း လီဗာပူးနည်းပြအဖြစ် ဆက်ရှိနေမယ်လို့ အတည်ပြုပြီးနောက် အန်းစလော့အတွက် ဥရောပရဲ့အဆင့်အမြင့်ဆုံးပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိနိုင်ရေး ဖိအားတွေ ရှိလာပါတယ်။

အက်စတွန်ဗီလာနဲ့ပွဲမတိုင်ခင်မှာတော့ ဒတ်ချ်လူမျိုးနည်းပြက ဒဏ်ရာရကစားသမားတွေနဲ့ပတ်သက်ပြီး သတင်းကောင်းရော၊ သတင်းဆိုးပါ ရောထွေးနေတဲ့ အခြေအနေကို ပြောပြခဲ့ပါတယ်။ သူက အခုပွဲစဉ်အတွက် နောက်ခံလူကိုနာတေး လေ့ကျင့်ခန်းပြန်ဆင်းနေသလို မိုဆာလက်နဲ့အတူ ပါဝင်ကစားနိုင်လိမ့်မယ်လို့ အတည်ပြုခဲ့ပါတယ်။

ဒါပေမဲ့ ဒဏ်ရာမှပြန်လည်သက်သာလာဖို့ ကြိုးစားနေရတဲ့ ဂိုးသမားအလီဆင်နဲ့ ကွင်းလယ်လူဖလော်ရီယန်ဝစ်ဇ်တို့ကိုတော့ စောင့်ကြည့်သွားရဦးမယ်လို့ ဆိုပါတယ်။

"ကိုနာတေး အခြေအနေကောင်းပါတယ်။ သူက ကျွန်တော်တို့နဲ့အတူ လေ့ကျင့်ခန်းဆင်းနေပါပြီ" လို့ အန်းစလော့က ပြောပါတယ်။

"မိုဆာလက်ကတော့ မနက်ဖြန်ပွဲစဉ်မှာ မိနစ်အနည်းငယ်လောက်ပဲ ကစားနိုင်ပါဦးမယ်။ ဒါပေမဲ့ သူ ပါဝင်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အလီဆင်ကတော့ ကျွန်တော်တို့နဲ့အတူ ရှိနေပေမဲ့ ထူးထူးခြားခြား ဖြစ်နေတုန်းပါပဲ။ သူ အဆင်သင့်ဖြစ်ပြီလား၊ ဒါမှမဟုတ် နောက်ထပ်တစ်ပတ်လောက် ထပ်လေ့ကျင့်ရဦးမလားဆိုတာ မနက်ဖြန်ကျမှ သိရပါလိမ့်မယ်။ ဖလော်ရီယန်ဝစ်ဇ်ကတော့ မနက်ဖြန်မှာ ဘယ်လောက်အထိ ကြံ့ခိုင်မှုရှိမလဲဆိုတာ စောင့်ကြည့်ရပါမယ်။ သူက ပိုးသတ်ဆေးတွေ သောက်နေရတယ်ဆိုတော့ ပွဲကစားဖို့ အဆင်သင့်ဖြစ်မဖြစ် စောင့်ကြည့်သွားရပါမယ်" လို့ အန်းစလော့က ရှင်းပြခဲ့ပါတယ်။

အခုပွဲစဉ်ကိုသာ အနိုင်ရရှိမယ်ဆိုရင် လီဗာပူးအသင်းက ဂိုးကွာခြားချက်အသာစီးရရှိထားလို့ ဘရန့်ဖို့ဒ်နဲ့ရင်ဆိုင်ရမယ့် ရာသီပိတ်ပွဲစဉ်မတိုင်ခင် အမှတ်ပေးဇယားစတုတ္ထနေရာကို သေချာပေါက်သိမ်းပိုက်သွားနိုင်ဖွယ်ရှိပါတယ်။