The network connection is lost.

Banner Image

ဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါစကီးအတွက် အံ့အားသင့်စရာ ရွေးချယ်စရာတစ်ခု ဖြစ်လာတဲ့ ပေါ်တို

အခုလာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာတော့မယ့် လီဝန်ဒေါစကီးကို ခေါ်ယူဖို့ ပေါ်တိုအသင်း စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက် ၃၇ နှစ်အရွယ်တိုက်စစ်မှူးက အခုဘောလုံးရာသီကုန်ဆုံးချိန်၊ စာချုပ်သက်တမ်းပြည့်မြောက်ဖို့ရှိနေလို့ ဘာစီလိုနာအသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာနိုင်ခြေ ရှိပါတယ်။

လီဝန်ဒေါစကီးအတွက် ဥရောပကလပ်အသင်းတွေအပြင် ဆော်ဒီလိဂ်နဲ့ မေဂျာလိဂ် (MLS) တို့ရဲ့ ကမ်းလှမ်းမှုတွေ ရှိနေတယ်လို့ သိရပေမဲ့ ဘယ်ကိုပြောင်းမလဲဆိုတာကိုတော့ အခုထိ မဆုံးဖြတ်ရသေးပါဘူး။

သတင်းထောက်ဖလော်ရီယန်ပလက်တန်ဘာ့ဂ်ရဲ့အဆိုအရ ပေါ်တူဂီချန်ပီယံပေါ်တိုအသင်းက လီဝန်ဒေါစကီးကို ခေါ်ယူဖို့အတွက် တကယ့်ကို အလေးအနက်စိတ်ဝင်စားလာတဲ့ နောက်ဆုံးကလပ်အသင်းလို့ သိရပါတယ်။

ဒါ့အပြင် ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းတိုးဖို့ အခွင့်အရေးအနည်းငယ်ရှိနေသေးပေမဲ့ အခုထိတော့ နှစ်ဖက်တာဝန်ရှိသူတွေအကြား အတည်တကျဆွေးနွေးထားတာမျိုး မရှိသေးဘူးလို့လည်း သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။