ရီးရဲလ်မက်ဒရစ်မှာ အပယ်ခံဖြစ်နေတဲ့ ဗယ်လ်ဗာဒီကို ခေါ်ယူဖို့ ယူနိုက်တက် စီစဉ်နေ
ရီးရဲလ်မက်ဒရစ်အသင်းအတွင်း ဖြစ်ပေါ်နေတဲ့ ရှုပ်ထွေးမှုတွေကို အခွင့်ကောင်းယူပြီး ကွင်းလယ်လူ ဖယ်ဒရီကို ဗယ်လ်ဗာဒီကို ခေါ်ယူဖို့ ယူနိုက်တက်က မျှော်လင့်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗယ်လ်ဗာဒီဟာ အသင်းဖော် ချူအာမန်နီနဲ့ ပြင်းပြင်းထန်ထန် စကားများ ရန်ဖြစ်ခဲ့ပြီးနောက် ဦးခေါင်းဒဏ်ရာရရှိခဲ့လို့ ရီးရဲလ်ရဲ့ လေ့ကျင့်ရေးကွင်းကနေ ဝှီးချဲနဲ့ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
ဗယ်လ်ဗာဒီကို သူ့ရဲ့ အသင်းဖော်တွေကပါ ဝိုင်းပယ်ထားကြတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် စပိန်မြေမှာရှိတဲ့ သူ့ရဲ့ အနာဂတ်ဟာ အခုဆိုရင် တော်တော်လေးကို မရေမရာ ဖြစ်နေပါပြီ။
The Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရ ရီးရဲလ်အသင်းထဲမှာ ဖြစ်ပျက်နေတဲ့ မငြိမ်မသက်မှုတွေကို အခွင့်ကောင်းယူပြီး ယူနိုက်တက်က ဗယ်လ်ဗာဒီကို အရခေါ်ယူဖို့ ခြေလှမ်းပြင်နေတာပါ။
လက်ရှိမှာတော့ အသင်းရဲ့ အပယ်ခံဖြစ်နေတဲ့ ဗယ်လ်ဗာဒီဟာ သူ့ရဲ့ ရှေ့ဆက်ရမယ့် လမ်းစတွေကို စဉ်းစားနေပြီး ဒီနွေရာသီမှာပဲ ရီးရဲလ်ကနေ ထွက်ခွာဖို့ အခွင့်အလမ်း ပိုများနေတယ်လို့ သိရပါတယ်။