The network connection is lost.

Banner Image

အယ်လ်ကလက်စီကိုနိုင်ပွဲနဲ့အတူ အခုရာသီ၊ လာလီဂါချန်ပီယံအဖြစ် အောင်ပွဲခံခဲ့တဲ့ ဘာစီလိုနာ

ဘာစီလိုနာ ၂-၀ ရီးရဲလ်မက်ဒရစ် (ပွဲပြီးရလဒ်)

ဘာစီလိုနာကတော့ နူးကမ့်ကွင်း၊ အယ်လ်ကလက်စီကိုပွဲစဉ်မှာ ခါးသီးပြိုင်ဘက်ကြီးရီးရဲလ်မက်ဒရစ်ကို အနိုင်ယူပြီး လက်ကျန်ပွဲစဉ်သုံးပွဲအလိုမှာတင် အခုဘောလုံးရာသီ၊ စပိန်လာလီဂါရဲ့ချန်ပီယံအဖြစ် ထပ်မံအောင်ပွဲခံသွားပါတယ်။ ဒီနေ့ပွဲစဉ်အတွက် အဆုံးအဖြတ်သွင်းဂိုးတွေကိုတော့ ပွဲချိန်အစောပိုင်းမှာပဲ ရက်ရှ်ဖို့ဒ်၊ ဖာရန်တောရက်စ်တို့က သွင်းယူပေးခဲ့ပါတယ်။ လက်ကျန်ပွဲချိန်တွေမှာ နှစ်ဖက်ကလပ်အသင်းကစားသမားတွေအကြား အကြိတ်အနယ်ယှဉ်ပြိုင်ကစားသွားကြပေမဲ့ နောက်ထပ်သွင်းဂိုးတွေတော့ မမြင်တွေ့ခဲ့ရပါဘူး။