The network connection is lost.

Banner Image

ဆဲလ်ဘတ်နောက်ခံလူ ဂျိုအန်ဂါဒူးကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တဲ့ ဒေါ့မွန်

ဒေါ့မွန်နဲ့ ဆဲလ်ဘတ်အသင်းတို့အကြား နောက်ခံလူဂျိုအန်ဂါဒူးအတွက် အခုနွေရာသီမှာ အပြောင်းအရွှေ့ပြုလုပ်ဖို့ သဘောတူညီမှု အပြည့်အ၀ရရှိသွားပြီလို့ Sky Germany မှ ဖော်ပြခဲ့ပါတယ်။ 

စာချုပ်သက်တမ်းကိုတော့ အတိအကျမသိရသေးပေမဲ့ အသက် ၁၉ နှစ်အရွယ်အရည်အချင်းရှိခံစစ်မှူးတွက် ရေရှည်စာချုပ်တစ်ခု ချုပ်ဆိုသွားမယ်လို့တော့ သိရပါတယ်။
 
လက်ရှိမှာ ဒေါ့မွန်နဲ့ ဆဲလ်ဘတ်တို့အကြား ဆွေးနွေးမှုတွေ ပြီးစီးလုနီးပါး ဖြစ်နေလို့ ဆေးစစ်မှုခံယူဖို့နဲ့ တရားဝင်လက်မှတ်ရေးထိုးဖို့ပဲ ကျန်ရှိပါတော့တယ်။ 

ဒီပြင်သစ်လူငယ်လေးအတွက် ဒေါ့မွန်အသင်းဘက်က ပြောင်းရွှေ့ကြေးယူရိုသန်း ၂၀ ကြိုတင်ပေးချေရဖို့ရှိနေပြီး အပိုဆုကြေးအဖြစ် ယူရို ၄ သန်းမှ ၆ သန်းအထိ အပါအဝင် နောက်တစ်ကြိမ် ပြန်လည်ရောင်းချမှုမှရရှိမယ့် ဝေစုရာခိုင်နှုန်းလည်း မြင့်မြင့်မားမားပါဝင်လာလိမ့်မယ်လို့ သိရပါတယ်။
 
အပြောင်းအရွှေ့သတင်းထောက် ဖလိုရီယန်ပလက်တင်ဘာ့ဂျ်ကတော့ ဒါဟာ ဒေါ့မွန်အားကစားဒါရိုက်တာသစ်အိုလီဘွတ်ခ်အတွက် အလွန်ကောင်းမွန်တဲ့ခေါ်ယူမှုတစ်ခု ဖြစ်တယ်လို့ မှတ်ချက်ပေးထားပါတယ်။ 

ဂါဒူးက ဒီရာသီမှာ သြစတြီးယားကလပ်အသင်းအတွက် ပြိုင်ပွဲစုံ ၃၃ ပွဲအထိ ပါဝင်ကစားပေးထားပြီး စုစုပေါင်းပွဲကစားချိန် မိနစ် ၂,၇၂၀ ကျော်အထိ ရှိခဲ့ပါတယ်။