The network connection is lost.

Banner Image

နာပိုလီအသင်းနဲ့ အဆင်မပြေဖြစ်ပြီးနောက် ပရီးမီးယားလိဂ်ဆီ ပြန်လာဖို့ ကြိုးပမ်းနေတဲ့ လူကာကူ

နာပိုလီတိုက်စစ်မှူး လူကာကူဟာ နည်းပြ အန်တိုနီယိုကွန်တီရဲ့အသင်းနဲ့ အဆင်မပြေဖြစ်ပြီးတဲ့နောက် အင်္ဂလန်ပရီးမီးယားလိဂ်ကို ပြန်လာဖို့ ကြိုးစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လူကာကူဟာ ပြီးခဲ့တဲ့ နိုင်ငံတကာပွဲစဉ်အားလပ်ရက်တုန်းက အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်ကို လာရောက်ပူးပေါင်းဖို့ ပျက်ကွက်ခဲ့တာကြောင့် သူ့ရဲ့ကလပ်အသင်းနဲ့ နောက်တစ်ကြိမ် ပြဿနာတက်ခဲ့ပြန်တာ ဖြစ်ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာ လူကာကူကို နာပိုလီအသင်းက ပွဲပယ်ပြစ်ဒဏ်ချမှတ်ထားပြီး အခုရာသီကုန်မှာတော့ သူဟာ အသင်းကနေ သေချာပေါက် ထွက်ခွာရတော့မယ့် အခြေအနေမှာ ရှိနေပါတယ်။

TeamTalk ရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီး၊ မန်ယူနဲ့ အဲဗာတန် အသင်းတို့မှာ ကစားခဲ့ဖူးတဲ့ တိုက်စစ်မှူးဟောင်း လူကာကူဟာ ပရီမီယာလိဂ်ဆီ ပြန်လာနိုင်ဖို့အတွက် အားထုတ်နေတယ်လို့ သိရပါတယ်။

နာပိုလီအသင်းဘက်က လူကာကူအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၂၀ ဝန်းကျင် အလိုရှိနေပြီး လူကာကူရဲ့ ကိုယ်စားလှယ်တွေကလည်း အသင်းသစ်ရရှိဖို့အတွက် တခြားကလပ်အသင်းတွေနဲ့ တက်တက်ကြွကြွ ဆက်သွယ်ဆောင်ရွက်နေကြပါတယ်။

အင်တာမီလန်နဲ့ အေစီမီလန်တို့လို အသင်းတွေကလည်း ဘယ်လ်ဂျီယံလက်ရွေးစင်တိုက်စစ်မှူးကို ခေါ်ယူဖို့ သတင်းထွက်နေပေမဲ့ အခုထက်ထိတော့ ဘယ်အသင်းကမှ တိတိကျကျ ကမ်းလှမ်းလာတာမျိုး မရှိသေးပါဘူး။