The network connection is lost.

Banner Image

ဂျူဗင်တပ်စ် ကွင်းလယ်လူ သူရမ်ကို ခေါ်ယူဖို့ ယူနိုက်တက် အဆက်အသွယ်လုပ်နေ

ဂျူဗင်တပ်စ်အသင်းရဲ့ ကွင်းလယ်လူ ကီဖရန်သူရမ်ကို ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက်အသင်းက စတင်လှုပ်ရှားနေပါတယ်။

ယူနိုက်တက်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မတိုင်ခင်မှာ ကွင်းလယ်ကစားသမား အသစ်နှစ်ယောက်လောက် ထပ်ဖြည့်ဖို့ ပြင်ဆင်နေတာပါ။ La Gazzetta dello Sport ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ အင်္ဂလန်ကို ပြောင်းရွှေ့လာဖို့အတွက် သူရမ်ရဲ့ အေးဂျင့်တွေနဲ့ ဆက်သွယ်စကားပြောနေပြီလို့ သိရပါတယ်။

လီဗာပူးအသင်းကလည်း စိတ်ဝင်စားနေပေမဲ့ လက်ရှိမှာတော့ ဒီပြင်သစ်လက်ရွေးစင် ကစားသမားနဲ့ တရားဝင် စကားပြောဆိုနေတာက ယူနိုက်တက် တစ်သင်းတည်းပဲ ရှိပါသေးတယ်။

သူရမ်ရဲ့ ဂျူဗင်တပ်စ်က အနာဂတ်ဟာ ဒီရာသီအကုန်မှာ အသင်းရဲ့ စီးရီးအေ အမှတ်ပေးဇယား ရပ်တည်မှုအပေါ်မှာ မူတည်နေပါတယ်။ တကယ်လို့ ဂျူဗင်တပ်စ်သာ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့မယ်ဆိုရင် အသင်းရဲ့ ငွေစာရင်း မျှတစေဖို့အတွက် အဓိက ကစားသမားတစ်ယောက်ကို မဖြစ်မနေ ရောင်းထုတ်ရမှာပါ။ အဲဒီအခါမှာ ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ ကနေ ၇၀ ကြား တန်ဖိုးရှိတဲ့ သူရမ်က ရောင်းထုတ်ခံရဖို့ အလားအလာ အရှိဆုံး ဖြစ်နေပါတယ်။