The network connection is lost.

Banner Image

သူပြောင်းရွှေ့လိုတဲ့နေရာကို အသိပေးလာတဲ့ နယူးကာဆယ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ပစ်မှတ် ကီးစ်စမစ်

AZ Alkmaar အသင်းရဲ့ ကွင်းလယ်လူ ကီးစ်စမစ်က သူ့ရဲ့အနာဂတ်ကို စပိန်မြေမှာပဲ မြင်တွေ့ချင်တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း စမစ်ဟာ နယူးကာဆယ်၊ ချဲလ်ဆီးတို့နဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီနယ်သာလန်သားလေးကို ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ကလည်း စိတ်ဝင်စားနေကြပြီး စမစ်ကိုယ်တိုင်ကလည်း အဲဒီအသင်းတွေရှိရာ စပိန်မှာပဲ သူ့ရဲ့အနာဂတ်ကို ပုံဖော်ချင်နေတာပါ။

"ကျွန်တော့်ရဲ့ အနာဂတ်ကို လာလီဂါမှာပဲ မြင်ပါတယ်၊ အဲဒီမှာ ကစားခွင့်ရရင် တကယ်ကို ကောင်းမှာပါ" လို့ Supergaande ဆိုတဲ့ YouTube ချန်နယ်တစ်ခုမှာ စမစ်က ပြောကြားခဲ့ပါတယ်။

"ကျွန်တော် နေရောင်ခြည်ကို ကြိုက်တယ်၊ အမြဲတမ်း အေးစိမ့်ပြီး မိုးရွာနေတဲ့ကြားမှာ ကစားရတာကို ငြီးငွေ့နေပြီ၊ ဒါကြောင့် စပိန်ကိုသွားပြီး ကစားချင်တာပါ" လို့ သူက ဆိုပါတယ်။

ဆက်လက်ပြီး စမစ်က "တကယ်တော့ နယ်သာလန်က တခြားအသင်းတစ်သင်းမှာပဲ နောက်ထပ်ခြေလှမ်းသစ်ကို လှမ်းချင်တာပါ၊ ဒါပေမဲ့ အဲဒီလိုဖြစ်လာဖို့တော့ မလွယ်ဘူးထင်တယ်။ AZ အသင်းကနေ ထွက်ခွာဖို့ဆိုတာမျိုး တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး၊ ဒီမှာပဲ တစ်သက်လုံး ကစားသွားဖို့က ကျွန်တော့်ရဲ့ အိပ်မက်ပါ" လို့လည်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။