The network connection is lost.

Banner Image

ဆီနီဂေါရဲ့ချန်ပီယံဆုကို ပြန်လည်ရုပ်သိမ်းကာ မော်ရိုကိုအား ၂၀၂၅ အာဖရိကဖလားချန်ပီယံအဖြစ် CAF ကြေညာ

အံ့အားသင့်စရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုအဖြစ် အာဖရိကဘောလုံးအဖွဲ့ချုပ် (CAF)ရဲ့အယူခံကော်မတီက မော်ရိုကိုနိုင်ငံမှာကျင်းပခဲ့တဲ့ ၂၀၂၅ အာဖရိကဖလားဗိုလ်လုပွဲနဲ့ပတ်သက်လို့ အငြင်းပွားမှုတွေအပေါ် သူတို့ရဲ့ဆုံးဖြတ်ချက်ကို ထုတ်ပြန်လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်အရ ဆီနီဂေါအသင်းက စည်းမျဉ်းအရ ရှုံးနိမ့်ခဲ့တယ်လို့ သတ်မှတ်ခံရပြီး အိမ်ရှင်မော်ရိုကို,ကိုတော့ စီမံခန့်ခွဲမှုဆိုင်ရာ ဆုံးဖြတ်ချက်အရ အနိုင်ရရှိတဲ့အသင်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။

မော်ရိုကိုဘောလုံးအဖွဲ့ချုပ်(FRMF)ရဲ့အယူခံဝင်မှုကို စစ်ဆေးဖို့အတွက် အယူခံကော်မတီက အစည်းအဝေးခေါ်ယူခဲ့ပြီး စည်းကမ်းထိန်းသိမ်းရေးကော်မတီရဲ့ မူလဆုံးဖြတ်ချက်ကို ပြောင်းလဲပယ်ဖျက်လိုက်ပါတယ်။

တာဝန်ရှိသူတွေက အာဖရိကဖလားပြိုင်ပွဲရဲ့စည်းမျဉ်းအပိုဒ် ၈၂ နဲ့ ၈၄ ကို ကိုးကားကာ ဆီနီဂေါလက်ရွေးစင်အသင်းရဲ့ပြုမူဆောင်ရွက်မှုတွေကို ပြင်းထန်တဲ့အပြစ်ပေးမှုနဲ့ ထိုက်တန်တဲ့လုပ်ဆောင်ချက်ပဲလို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

နောက်ဆက်တွဲအဖြစ် ဆီနီဂေါအသင်းကို ဗိုလ်လုပွဲမှာ စည်းမျဉ်းအရ ရှုံးနိမ့်တဲ့အသင်းအဖြစ် ကြေညာခံခဲ့ရပါတယ်။ ဒါကြောင့် တရားဝင်ရလဒ်အဖြစ် မော်ရိုကိုက ၃-၀ ဂိုးဖြင့် အနိုင်ရရှိတယ်လို့ မှတ်တမ်းတင်သွားပါလိမ့်မယ်။