The network connection is lost.

Banner Image

အိုလိုင်ကို ခေါ်ယူဖို့ ထရက်ဘ်ဇွန်စပေါနဲ့ ချဲလ်ဆီးတို့ ဆွေးနွေးမှုတွေ စတင်

ချဲလ်ဆီးအသင်းဟာ ထရက်ဘ်ဇွန်စပေါအသင်းရဲ့ ကွင်းလယ်လူ ခရစ် အီနာအို အိုလိုင်ကို ခေါ်ယူဖို့အတွက် စတင်လှုပ်ရှားလာပါတယ်။ ချဲလ်ဆီးနဲ့ ထရက်ဘ်ဇွန်စပေါတို့ကြား အိုလိုင်အတွက် ဆွေးနွေးမှုတွေ စတင်နေပြီလို့ Africa Foot က ဖော်ပြထားပါတယ်။ အသက် ၁၉ နှစ်အရွယ် အိုင်ဗရီကို့စ် လူငယ်ကြယ်ပွင့်လေးဟာ ထရက်ဘ်ဇွန်စပေါနဲ့ ၂၀၃၀ အထိ စာချုပ်သက်တမ်းရှိနေပေမဲ့ ချဲလ်ဆီးကတော့ သူ့အတွက် ပထမဆုံးအကြိမ် ကမ်းလှမ်းမှုပြုလုပ်ဖို့ ပြင်ဆင်နေတာပါ။ အိုလိုင်ကို ယူရို သန်း ၅၀ ထက် လျော့နည်းတဲ့ ပမာဏနဲ့တော့ အသင်းကနေ ပေးမထွက်ဘူးလို့ ထရက်ဘ်ဇွန်စပေါဘက်က တင်းခံထားဖို့ ရှိနေပါတယ်။ အခုချိန်မှာတော့ အသင်းနှစ်သင်းကြား ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီဖြစ်ပြီး မကြာခင်မှာ ကမ်းလှမ်းမှုတစ်ခု တရားဝင်ရောက်လာတော့မယ်လို့ ထရက်ဘ်ဇွန်စပေါဘက်က မျှော်လင့်နေပါတယ်။