The network connection is lost.

Banner Image

အရှိန်အဟုန်ပြင်းပြင်းကစားလေ့ရှိတဲ့ အတ္တလန်တာအသင်းကို ကလဲ့စားချေဖို့ ပြင်ဆင်နေတဲ့ စတာနီစစ်

၂၀၂၄ ခုနှစ်၊ ဒပ်ဗလင်မြို့ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ဘာဂါမိုအခြေစိုက်ကလပ်အသင်းကို သုံးဂိုးပြတ်ရှုံးနိမ့်ခဲ့မှုဒဏ်ရာက ခရိုအေးရှားနောက်ခံလူစတာနီစစ်အတွက် အခုထိ နာကျင်နေဆဲ ဖြစ်ပါတယ်။

ဒီည၊ ဘိုင်ယန်မြူးနစ်နဲ့အတ္တလန်တာတို့ရင်ဆိုင်ရမယ့် ပွဲစဉ်မတိုင်ခင် စတာနီစစ်က ဘာဂါမိုမှာကစားရမယ့်ပွဲစဉ်အတွက် အသင်းရဲ့ပြင်ဆင်နေပုံအကြောင်း ပြောပြခဲ့ပါတယ်။
"နည်းပြက ကျွန်တော်တို့ကို ထူးထူးခြားခြား ပြင်ဆင်ပေးထားတာမျိုးတော့ မရှိပါဘူး။ ဘယ်သူနဲ့ ရင်ဆိုင်ရမှာလဲ၊ ဘာတွေဖြစ်လာနိုင်မလဲဆိုတာ ကျွန်တော်တို့ သိပြီးသားပါ။ အပြောင်းအလဲ အများကြီးမရှိပါဘူး။ အတ္တလန်တာက ကွင်းလုံးပြည့်အနှံ့ တစ်ဦးချင်းလူကပ်ကစားတတ်တဲ့အပြင် ပွဲစကတည်းက အရှိန်အဟုန်အပြည့်နဲ့ ဖိကစားတတ်တဲ့ အသင်းမျိုးပါ။ ကျွန်တော်တို့ ဒါကို ပြန်လည်တုံ့ပြန်သွားရပါမယ်။ ပြီးခဲ့တဲ့တစ်နှစ်ခွဲတာကာလပတ်လုံး လေ့ကျင့်ရေးအစီအစဉ်တိုင်းမှာ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားခဲ့ကြသလို တစ်ဦးချင်းလူကပ်ကစားတဲ့ ပုံစံမျိုးကိုလည်း လေ့ကျင့်ခဲ့ပါတယ်" လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ သူက ပြောပါတယ်။

အခုပြိုင်ဘက်နဲ့ပတ်သက်လို့လည်း စတာနီဆစ်က ကလဲ့စားချေဖို့ ကြိုးစားနေပါတယ်။ သူက ၂၀၂၄ ခုနှစ်၊ လေဗာကူဆင်အသင်းမှာ အငှားဖြင့်သွားရောက်ကစားချိန် ဂျိုနသန်တာနဲ့အတူ အတ္တလန်တာကို ရှုံးနိမ့်ပြီး ယူရိုပါလိဂ်ဖလား လက်လွှတ်ခဲ့ရဖူးပါတယ်။

"တကယ်တော့ အဲဒီတုန်းက ရှုံးခဲ့တာကို အခုထိ စိတ်ထဲမှာ မကျေနပ်နိုင်သေးပါဘူး။ အဲဒီတုန်းက နိုင်ခဲ့ရင် သိပ်ကောင်းမှာပါ။ ဗိုလ်လုပွဲအဆင့်ထိ ရောက်ပြီဆိုရင်တော့ ဘယ်သူမဆို နိုင်ချင်ကြတာပဲလေ။ အဲဒီပွဲမှာ ကျွန်တော်တို့ ကောင်းကောင်းမကစားနိုင်ခဲ့သလို ပွဲစကတည်းက သူတို့ကို အသာစီးပေးလိုက်ရပါတယ်။ သူတို့ဆီမှာ အခွင့်အရေးရတိုင်း ဂိုးသွင်းယူနိုင်တဲ့ တိုက်စစ်မှူးကောင်းတစ်ဦး(လွတ်ခ်မန်း)လည်း ရှိနေခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်ကတော့ အတ္တလန္တာကို ထပ်မရှုံးချင်တော့ပါဘူး။ ဒါဟာ ကျွန်တော့်ရဲ့ ဆန္ဒတင်မကဘဲ ဂျိုနသန်တာရဲ့ဆန္ဒလည်း ဖြစ်ပါလိမ့်မယ်" လို့ စတာနီစစ်က ဆိုပါတယ်။

ဆက်လက်ပြီး ၎င်းက "သူတို့က ပွဲစကတည်းက အရမ်းကို ပြင်းပြင်းထန်ထန် ကစားတတ်ကြပါတယ်။ ဘယ်တော့မှ အလျော့မပေးဘဲ ဘောလုံးလုတိုင်းမှာလည်း ၁၀၀ ရာခိုင်နှုန်း အင်အားစိုက်ထုတ်ပြီး ကစားကြပါတယ်။ သူတို့မှာ တစ်ဦးချင်းအရည်အချင်းကောင်းတဲ့ကစားသမားတွေလည်း ရှိပြီး စိတ်ဓာတ်တစ်ခုတည်းအပေါ်မှာပဲ အမှီပြုနေတာမျိုး မဟုတ်ပါဘူး။ အခုတော့ ကျွန်တော်တို့ ပြင်ဆင်ထားတာတွေကို ကွင်းထဲမှာ သက်သေပြဖို့ပဲ ကျန်ပါတော့တယ်" လို့ ရှင်းပြခဲ့ပါတယ်။