The network connection is lost.

Banner Image

လိုကာတယ်လီကို စာချုပ်သစ်ကမ်းလှမ်းဖို့ ပြင်ဆင်နေတဲ့ ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ်အသင်းတာဝန်ရှိသူတွေက လိုကာတယ်လီအတွက် စာချုပ်သစ်ပေးအပ်ဖို့ အဆင်သင့်ဖြစ်နေကြပါတယ်။

အခုဘောလုံးရာသီအစပိုင်းကာလ၊ အသင်းမှာ လိုကာတယ်လီရဲ့အနာဂတ် မရှိတော့ဘူးလို့ ထင်မှတ်ခဲ့ရပေမဲ့ လတ်တလောမှာတော့ ဒီကွင်းလယ်လူက နည်းပြစပယ်လက်တီရဲ့ပထမဦးစားပေးရွေးချယ်မှု ဖြစ်လာခဲ့ပါတယ်။

TMW ရဲ့ဖော်ပြချက်အရ ဂျူဗင်တပ်စ်က အသက် ၂၈ နှစ်အရွယ်ကစားသမားကို ၂၀၃၀ ပြည့်နှစ်အထိ အသင်းမှာ ဆက်ထိန်းထားနိုင်မယ့် စာချုပ်သစ်တစ်ရပ် ရေးဆွဲပြင်ဆင်နေပြီလို့ သိရပါတယ်။

လိုကာတယ်လီရဲ့ လက်ရှိစာချုပ်သက်တမ်းကတော့ ၂၀၂၈ ခုနှစ်အထိ ရှိနေပါတယ်။

နည်းပြစပယ်လက်တီက လိုကာတယ်လီကို သူရမ်နဲ့အတူ ကွင်းလယ်ခံစစ်ကစားသမားအဖြစ် ရေရှည်တွဲဖက်ကစားစေဖို့ ရည်ရွယ်ထားပြီး လာမယ့်နွေရာသီမှာတော့ ကွင်းလယ်ဖန်တီးရှင်သစ်တစ်ဦး ခေါ်ယူဖို့အတွက် ငွေကြေးအမြောက်အမြားအသုံးပြုသွားမယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။