The network connection is lost.

Banner Image

ရိုးမားနောက်ခံလူဆီလစ်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရရှိခဲ့တဲ့ ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ်အသင်းက လာမယ့်နွေရာသီမှာ အသင်းဆီခေါ်ယူဖို့အတွက် ရိုးမားနောက်ခံလူဆီလစ်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှု ရရှိထားပြီလို့ သတင်းတွေအရ သိရပါတယ်။

အသက် ၂၉ နှစ်အရွယ်ကစားသမားက အခုဘောလုံးရာသီပြီးဆုံးချိန်၊ ရိုးမားနဲ့စာချုပ်သက်တမ်းကုန်ဆုံးဖို့ရှိနေပြီး ကလပ်အသင်းလက်မဲ့ကစားသမား ဖြစ်လာပါလိမ့်မယ်။

ဆီလစ်က အခုရာသီ၊ စီးရီးအေပွဲစဉ် ၂၂ ပွဲကစား၊ တစ်ဂိုးသွင်း၊ ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်ပြီး ဂတ်စပါရီနီရဲ့ အသင်းအတွက် အထင်ကြီးလောက်စရာခြေစွမ်းပြသနေသူလည်း ဖြစ်ပါတယ်။

Calciomercato မှထပ်ဆင့်ဖော်ပြခဲ့တဲ့ La Stampa သတင်းဌာနရဲ့အဆိုအရ ဂျူဗင်တပ်စ်က ဒီညာနောက်ခံကစားသမားနဲ့ ပုဂ္ဂိုလ်ရေးအရသဘောတူညီမှုရယူနိုင်ခဲ့ပြီလို့ သိရပါတယ်။

ရိုးမားဘက်ကတော့ သူ့ကို စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒရှိနေပေမဲ့ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ ရှေ့မတိုးနိုင်ဘဲ ရပ်တန့်နေလို့ စာချုပ်သက်တမ်းတိုးမယ့်ကိစ္စဖြစ်နိုင်ခြေ အတော်လေးနည်းပါးနေပြီ။