ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မီရီနိုပါဝင်ကစားနိုင်ဖို့ မျှော်လင့်နေတဲ့ စပိန်အသင်းနည်းပြဒီလာဖွန်တေ
စပိန်အသင်းနည်းပြဒီလာဖွန်တေက မီရီနိုကို သူ့ရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲဝင်လူစာရင်းမှာ ထည့်သွင်းဖို့အတွက် အခုအချိန်အထိ မျှော်လင့်နေပါတယ်။
အာဆင်နယ်ကွင်းလယ်လူက ခြေထောက်ဒဏ်ရာခွဲစိတ်ကုသမှုတစ်ခုကြောင့် အခုရာသီ၊ လက်ကျန်ပွဲစဉ်တွေနဲ့လွဲချော်မယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။
သူ့ရဲ့ဒဏ်ရာက ဘောလုံးလောကမှာ မကြုံစဖူးဒဏ်ရာအမျိုးအစားဖြစ်နေလို့ ပြန်လည်သက်သာလာမယ့် အချိန်ကာလနဲ့ပတ်သက်ပြီး အာဆင်နယ်အတွက်ရော၊ စပိန်အသင်းအတွက်ပါ ကိုးကားစရာအချက်အလက် မရှိသလောက် ဖြစ်နေပါတယ်။
ဒီလာဖွန်တေးက "မီရီနိုရဲ့ဒဏ်ရာအတွက် ကိုးကားစရာအချက်အလက်သာဓက မရှိပါဘူး။ ကျွန်တော်တို့ရော၊ သူကိုယ်တိုင်ပါ အကောင်းမြင်ထားကြပေမဲ့ ဘာဖြစ်လာမလဲဆိုတာ မသိနိုင်သေးပါဘူး။ ဆရာဝန်တွေကိုယ်တိုင်တောင် သူ ဘယ်အချိန်ပြန်သက်သာလာမလဲဆိုတာ အတိအကျမပြောနိုင်ကြပါဘူး။ မတ်လ၊ ဧပြီလ ဒါမှမဟုတ် မေလလောက်မှာ သူပြန်လာနိုင်မလားဆိုတာလည်း မသေချာသေးပါဘူး" လို့ ပြောကြားခဲ့ပါတယ်။