The network connection is lost.

Banner Image

ကလပ်ဘရုဂျက် တောင်ပံကစားသမား ဘီစီဝူးအတွက် ဘာစီလိုနာနဲ့ တရားဝင် အဆက်အသွယ်ရှိတယ်လို့ အေးဂျင့်ဖြစ်သူ အတည်ပြု

ကလပ်ဘရုဂျက်အသင်းရဲ့ တောင်ပံကစားသမား ဂျက်ဆီဘီစီဝူးကို ဘာစီလိုနာအသင်းက စိတ်ဝင်စားနေတယ်လို့ သူ့ရဲ့အေးဂျင့်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အသက် ၁၈ နှစ်အရွယ် ခြေတက်ကစားသမားလေးနဲ့ ပတ်သက်ပြီး ဘာစီလိုနာဘက်က ဆက်သွယ်မှုတွေ ရှိနေတယ်လို့ အေးဂျင့်ဖြစ်သူ မိုဘင်ဒီမာသီက ဝန်ခံပြောဆိုခဲ့တာပါ။

"ဘာစီလိုနာက ဂျက်ဆီကို အနီးကပ်စောင့်ကြည့်နေတာ အမှန်ပါပဲ။ သူ့ရဲ့အခြေအနေကို တက်တက်ကြွကြွ စောင့်ကြည့်နေတဲ့ ကလပ်အသင်းတွေထဲမှာ ဘာစီလိုနာလည်း တစ်သင်းအပါအဝင် ဖြစ်ပါတယ်" လို့ ၎င်းက ဆိုပါတယ်။

ဒါ့အပြင် "ဒါပေမဲ့ ကျွန်တော်တို့ကတော့ ဒီအခြေအနေကို စိတ်အေးအေးထားပြီး တစ်ဆင့်ချင်းစီပဲ သေချာကိုင်တွယ်သွားမှာပါ။ ဒီကစားသမားရဲ့ အရည်အချင်းကြောင့်ပဲ ဘာစီလိုနာလို အသင်းကြီးတွေ အပါအဝင် တခြားကလပ်အသင်းတွေနဲ့ တရားဝင် ဆက်သွယ်စကားပြောတာမျိုးတွေ ရှိနေတာဟာ ဖြစ်ရိုးဖြစ်စဉ်ပါပဲ" လို့လည်း အေးဂျင့်ဖြစ်သူက ပြောကြားခဲ့ပါတယ်။