The network connection is lost.

Banner Image

ပါတီပွဲတက်ရောက်ခြင်းကို တကယ်ကြိုက်နှစ်သက်တာပါလို့ နောက်ပြောင်ခဲ့တဲ့ နေမာ

ပြီးခဲ့တဲ့နှစ်၊ ဘရာဇီးလ်လိဂ်ပြိုင်ပွဲအပြီး ရရှိခဲ့တဲ့ဒဏ်ရာမှ ပြန်လည်သက်သာလာခဲ့ပြီးနောက် နေမာက အခုတနင်္ဂနွေနေ့မှာ ၂၀၂၆ ခုနှစ်အတွင်း ဆန်းတို့စ်အသင်းအတွက် ပထမဆုံးအကြိမ် ပြန်လည်ပါဝင်ကစားပါလိမ့်မယ်။

Paulistão ပြိုင်ပွဲ၊ ပထမအဆင့်ရဲ့ အဋ္ဌမမြောက်နဲ့ နောက်ဆုံးပွဲစဉ်အဖြစ် Vila Belmiro ကွင်းမှာ Velo Clube အသင်းနဲ့မကစားခင် အကြိုရက်မှာတော့ ဆန်းတို့စ်ကြယ်ပွင့်က သူ့ကို "အပျော်အပါးမက်မောသူ" ဆိုပြီးစွပ်စွဲထားတဲ့ ကောလာဟလတွေကို လူမှုကွန်ရက်မှတဆင့် နောက်ပြောင်သွားခဲ့ပါတယ်။

နေမာတင်ထားတဲ့ ဗီဒီယိုတွေထဲမှာ ဘရာဇီးကြယ်ပွင့်ကို မော်တော်ကားထဲမှာ သီချင်းနားထောင်ရင်း၊ ကခုန်ရင်း "ပါတီတက်ချင်တဲ့ အမူအရာ" မျိုးတွေနဲ့ မြင်တွေ့ခဲ့ရပါတယ်။

"ကာနီဗယ်ပွဲတော်ကို မကြိုက်တဲ့သူဟာ အရူးပဲ။ ရော့ အဲဒါပဲ! ကျွန်တော်ကတော့ တကယ်ကို ကြိုက်တာ" လို့ နေမာက ဗီဒီယိုနှစ်ခုမှာ စာသားလေးတွေ ရေးသားခဲ့ပါတယ်။

လက်ရှိမှာ ဆန်းတို့စ်အသင်းက Paulistão ဇယားမှာ ရမှတ် ၉ မှတ်နဲ့ အဆင့် ၁၀ နေရာမှာ ရှိနေပြီး ကွာတားဖိုင်နယ်တက်လှမ်းနိုင်မယ့် ထိပ်သီး ၈ သင်းစာရင်းမှာ ပါဝင်နိုင်ဖို့အတွက် အခုပွဲစဉ်ကို အနိုင်ရရှိဖို့ လိုအပ်နေပါတယ်။

ဒီပွဲစဉ်အပြီးမှာတော့ ဆန်းတို့စ်အသင်းကစားသမားတွေ ရက်အနည်းငယ် အနားရဖို့ ရှိနေပါတယ်။ သူတို့အတွက် နောက်ထပ်ပွဲစဉ်က ဖေဖော်ဝါရီ ၂၆ ရက်၊ ဗက်စကိုဒဂါးမားအသင်းနဲ့ ရင်ဆိုင်ရမယ့် ဘရာဇီးလ်လိဂ်ပွဲစဉ်ဖြစ်ပါတယ်။

နေမာက ဘယ်ဒူးဒဏ်ရာကို ပြီးခဲ့တဲ့ဒီဇင်ဘာလကုန်ပိုင်းမှာ ခွဲစိတ်ကုသခဲ့ပြီး အခုတော့ ပြန်လည်သက်လာပါပြီ။