The network connection is lost.

Banner Image

အခုဘောလုံးရာသီမှာ လီဗာပူးအသင်း အပြောင်းအလဲတွေ အများကြီးလုပ်ခဲ့တယ်လို့ အလီဆင်ပြော

လီဗာပူးဂိုးသမားအလီဆင်က အခုဘောလုံးရာသီမှာ သူတို့အသင်းရဲ့စွမ်းဆောင်ရည်ပိုင်း ကျဆင်းခဲ့တယ်ဆိုတာကို ဝန်ခံလိုက်ပါတယ်။

လက်ရှိပရီးမီးယားလိဂ်ချန်ပီယံအသင်က အမှတ်ပေးဇယာဆဋ္ဌမနေရာမှာ ရပ်တည်နေပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

ESPN နဲ့ အင်တာဗျူးမှာ အလီဆင်က "ကျွန်တော်တို့ရဲ့ ဒီရာသီစွမ်းဆောင်ရည်ပိုင်းက ရှိသင့်တာထက် အများကြီးကို နိမ့်ကျနေပါတယ်။ ဒါကို ကျွန်တော်တို့ခံစားမိသလို သတိလည်း ထားမိပါတယ်။ လီဗာပူးလို အသင်းကြီးတစ်ခုရဲ့အရည်အသွေးနဲ့ဆိုရင် ဒါဟာ မဖြစ်သင့်တဲ့အနေအထားပါ" လို့ ပြောခဲ့ပါတယ်။

"ဒါပေမဲ့ ခင်ဗျားပြောတဲ့အပြောင်းအလဲနဲ့ပတ်သက်တဲ့အချက်တွေအနက် တစ်ခုတည်းနဲ့တင် တကယ်ကို ခက်ခဲနေပါပြီ။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့နှစ်၊ ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိခဲ့တဲ့အသင်းနဲ့ အခုလက်ရှိပွဲထွက်လူစာရင်းကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ကစားဟန်ပိုင်းမှအစ အများကြီးကွာခြားသွားတာကို တွေ့ရပါမယ်" လို့ သူက ဆိုပါတယ်။

ဒီယိုဂိုဂျိုတာရဲ့ကြေကွဲစရာကွယ်လွန်တိမ်းပါးမှုကလည်း အကြောင်းအရင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

ဆက်လက်ပြီး အလီဆင်က "ကျွန်တော်တို့တွေ လူသားတစ်ယောက်ခံနိုင်ရည်ရှိတာထက် ပိုတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ရင်ဆိုင်နေရတာပါ။ ဒါကို လူတိုင်းကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရင်ဆိုင်ဖြေရှင်းနေကြရတာပေါ့။ ကျွန်တော်တို့အတွက် အသင်းဖော်တစ်ယောက်၊ သူငယ်ချင်းတစ်ယောက် ဆုံးရှုံးခဲ့ရသလို ဒဏ်ရာပြဿနာတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်" လို့ ပြောပါတယ်။

"ဘောလုံးလောကမှာဖြစ်လေ့ဖြစ်ထရှိတဲ့ပြဿနာတွေ၊ စိန်ခေါ်မှုတွေအနက် အဆိုးဆုံးအရာအတော်များများကို အခုဘောလုံးရာသီမှာ ကျွန်တော်တို့ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ ဒါကို ဆင်ခြေတစ်ခုအဖြစ် ဘယ်တော့မှ အသုံးမချပါဘူး။ ကျွန်တော်တို့အားလုံး တတ်နိုင်သမျှအကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်"လို့ ပြောကြားသွားခဲ့ပါတယ်။